Latest

00:39 AM IOS 7.1 DOWNLOAD

 မယ်လီဆိုင်းရက်စ် သီချင်း MTV သစ် ထွက်ပြီ
Tuesday, November 12, 2013

Real and True လို့အမည်ရတဲ့ MTV သီချင်းသစ် ဖြစ်ပါတယ်။ ကမ္ဘာ့အပြင်ကို ရောက်သွားတဲ့ အာကာသယာဉ်က ဂြိုလ်သားမ မယ်လီဆိုင်းရက်စ်ကို ရှာဖွေတွေ့ရှိလိုက်ပုံလေး ရိုက်ကူးထားပါတယ်။

အလင်းရောင်တွေ ဖြာထွက်နေတဲ့ မယ်လီဆိုင်းရက်စ်ရဲ့  Body ကိုသေချာလေ့လာကြပြီး ကမ္ဘာကို ပြန်သွားတဲ့အခါ သူမကို ထားခဲ့တဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ ဒီတော့ ထုံးစံအတိုင်း အဝတ် မပါပေမယ့် ငွေရောင်တောက်တောက် ဆေးများ လိမ်းခြယ်ထားတဲ့ မယ်လီဆိုင်းရက်စ်ကို မြင်တွေ့ရမှာပါ။ အမေရိကန် Rapper ဖြစ်တဲ့ Future နဲ့ အင်္ဂလိပ်အဆိုတော် Mr Hudson တို့လည်း ပါဝင်သီဆိုထားပါတယ်။ သီချင်းက Honest လို့အမည်ရတဲ့ Future ရဲ့  ဒုတိယ အယ်လ်ဘမ် မှာထည့်သွင်းမယ့် သီချင်း ဖြစ်ပါတယ်။

သီချင်းကို နိုဝင်ဘာလ ၅ ရက်နေ့က Youtube ပေါ်တင်ခဲ့ပြီး Wrecking Ball တုန်းကလောက် Hit မဖြစ်တာတော့ အမှန်ပါပဲ။ သို့ပေမယ့် R&B ဆန်ဆန် သီချင်းလေးမို့ သူ့ဟာနဲ့ သူတော့ စွဲဆောင်မှု ရှိပါတယ်။ အချိန်တွေ ဘယ်လောက်ပြောင်းပြောင်း၊ အာကာသ ဘယ်နေရာကိုပဲ ရောက်ရောက် အချစ်ဆိုတာ မပြောင်းလဲပဲ အမြဲမှန် တည်ရှိနေမယ့် အရာတစ်ခုဖြစ်ကြောင်း သီချင်းက ညွန်းဆို ထားခြင်း ဖြစ်ပါတယ်။ ဒီတော့ အားလုံးပဲ နားထောင်လို့ရအောင် Link လေး ပေးလိုက် ရပါတယ်။

http://youtu.be/KJBHdKBOdcw

အောင်ခမ်း ( ရိုးရာလေး )

12 Nov 2013

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

Top