ဒေါ်လာ ၆၀၀၀ တန် Panasonic ၏ လက်မ ၂၀ အရွယ် 4K Toughpad Tablet

ပြီးခဲ့တဲ့ ၂၀၁၃ ဂျန်နဝါရီလက ပြုလုပ်ခဲ့တဲ့ CES နည်းပညာ ပြပွဲကြီးမှာ ပထမဆုံးအကြိမ်အဖြစ် မိတ်ဆက်ပြသခဲ့တဲ့ Panasonic ရဲ့ 4K ပုံထွက်နှုန်း ရရှိမယ့် လက်မ ၂၀ အရွယ် Toughpad Tablet ဟာ ဈေးကွက်အတွင်းကို ရောက်ရှိလာပါပြီ။ 

ထူးခြားကောင်းမွန်ပြီး ကြီးမားတဲ့ ကိုယ်ထည်နဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ဤ tablet ကြီးရဲ့ ဈေးနှုန်းကလည်း မသေးလှပါဘူး။ ဒေါ်လာ ၅၉၉၉ ပါတဲ့။ Panasonic အနေနဲ့ ဤ tablet ကို မျိုးကွဲ ၂ မျိုးနဲ့ ထုတ်လုပ်ထားပြီး အမေရိကန် နိုင်ငံမှာတော့ စွမ်းရည်ပိုမြင့်တဲ့ မော်ဒယ်ကိုသာ ရောင်းချသွားမယ်လို့ သိရှိရပါတယ်။ 

အမေရိကန်နိုင်ငံမှာ ရောင်းချပေးမယ့် 4K Toughpad မှာ Windows 8.1 ၊ Intel Core i5 ပရော်ဆက်ဆာ ၊ 8GB RAM ၊ 256GB SSD သိုမှီးမှုပမာဏတို့ ထည့်သွင်းပေးထားပြီး မျက်နှာပြင်ကတော့ အထူးမြင့်မား ကောင်းမွန်တဲ့ 3840 x 2560 ပုံထွက်နှုန်းရှိတဲ့ LCD မျက်နှာပြင်ပဲ ဖြစ်ပါတယ်။ 

ဘက္ထရီသက်တမ်းကတော့ ၂ နာရီလို့ သိရှိရပါတယ်။ လက်မ ၂၀ အရွယ် tablet တစ်ခုကို သင့်အနေနဲ့ အချိန်အကြာကြီး ကိုင်ဆောင် အသုံးပြုဖို့ဆိုတာ သိပ်မဖြစ်နိုင်လို့ ၂ နာရီဆိုတဲ့ အချိန်ဟာ အနေတော်လောက်ပဲ ဖြစ်မယ်လို့ ယူဆရပါတယ်။ 

ဒါပေမယ့် ဒီ tablet ဟာ ၅.၂၇ ပေါင်သာလေးပြီး လက်မဝက်သာ ထူတာကြောင့် သင့်အနေနဲ့ ဒေါ်လာ ၆၀၀၀လည်း အပိုရှိတယ်၊ “ဓာတ်ပုံ၊ ဗီဒီယို၊ ဂရပ်ဖစ်ဒီဇိုင်း” စတဲ့ လုပ်ငန်းများကို လုပ်ကိုင်သူ ဆိုရင်တော့ ဒီ tablet ကို နှစ်သက်မှာ သေချာပါတယ်။

ထူးခြားချက်များ - 

4K Visual Experience: 20-inch IPS Alpha LCD screen with 3840x2560 pixel display featuring 230 pixels per inch and15:10 aspect ratio

High-Performance Processing Power: Intel® Core™ i5-3437U vPro™ processor with NVIDIA® GeForce® 745M GPU

Operating System: Windows 8.1 Pro

Storage & Memory: 256GB SSD, 8 GB RAM and 2GB VRAM

Connectivity & I/O: Intel® Centrino® Advanced-N 6235 Wi-Fi 802.11 a/b/g/n, Bluetooth® v4.0 (Class 1), USB 3.0, SDXC card slot, smart card reader, docking connector

Camera: 1280 x 720 pixel built-in front camera

Durability: Business-rugged with resistance to 12-inch drops to 26 angles (non-operating) and 30-inch drop to its back (operating)

Battery: 2 hours per MobileMark® 2007 testing

Lightweight Portability: 5.27 lbs., 0.49 inch thick

0 comments:

Post a Comment

Top