smartphone
စွန့်ပစ် ပစ္စည်းတွေကို လျှော့ချနိုင်ဖို့ ကြာရှည်လဲအသုံးခံပြီး ဖုန်း
Accessories တွေကို သင့်စိတ်ကြိုက် ပြုပြင်နိုင်မယ့်
စမတ်ဖုန်းနည်းပညာဆိုင်ရာ Idea ကောင်းတစ်ခု ပေါ်ထွက်လာပါပြီ။
ယနေ့
ကမ္ဘာနဲ့ အ၀ှမ်း electronic ပစ္စည်းတွေ မှိုလိုပေါက် လာသလို၊ အီလက် ထရောနစ်
စွန့်ပစ်ပစ္စည်း တွေလဲ တောင်လို ပုံလို့လာပါတယ်။ smartphone စွန့်ပစ်ပစ္စည်း
တွေကလည်း ပမာဏ အများအပြားပေါ့။ ယနေ့ခေတ်မှာ အီလက်ထရောနစ် နည်းပညာ ပစ္စည်း
တွေဟာ သုံးစွဲသူ တွေရဲ့ လိုအပ်ချက် အပေါ်လိုက်ပြီး များစွာ ထွက်ရှိလာတာ
တွေ့ရမှာပါ။ အီလက်ထရောနစ် ပစ္စည်း အတော် များများကလည်း ကောင်းမွန်တဲ့
Functions တွေ၊ Features တွေကို ဦးစား ပေးပြီး သူ့ထက်ငါ အပြိုင်
ထုတ်လုပ်နေ ကြပေမယ့် ရေရှည် အသုံးခံမှု ကိုတော့ အလေးမထား ကြပါဘူး။
အဲဒါကြောင့်ပဲ ပျက်စီး သွားတဲ့ (သို့) မသုံးချင်တော့တဲ့ အီလက်ထရောနစ်
စွန့်ပစ်ပစ္စည်း တွေဟာ တစ်နေ့တစ်ခြား တိုးပွားလာပါ တယ်။

အဲဒီထဲမှာ
smartphone တွေရဲ့ စွန့်ပစ်ပစ္စည်း တွေကလည်း မနည်းပါဘူး။ Touch Screen
ကွဲတယ်၊ ကင်မရာ ပျက်သွားတယ်၊ Wifi က ဆွဲအား မကောင်း တော့ဘူး။ ဖုန်း Screen
လိုမျိုးက လဲလို့ ရတန် ကောင်းပေမယ့် Wifi လို၊ ကင်မရာ လိုမျိုးက လဲဖို့
မလွယ်လှပါဘူး။ အဓိက ဖုန်းအတွင်းပိုင်း ကိုယ်ထည်က ပျက်ပြီ ဆိုရင်တော့ အပြင်
အစိတ်အပိုင်းတွေ ကောင်းပေမယ့်လည်း သူတို့ကို သုံးလို့ မရတော့ပါဘူး။ အီလက်
ထရောနစ် စွန့်ပစ်ပစ္စည်းတွေ များလာခြင်းရဲ့ ဒုတိယ တစ်ချက် ကတော့ သုံးစွဲသူက
နောက်ဆုံးပေါ် Functions တွေ၊ Features တွေကို အ လိုရှိ လာခြင်းပါ။ ဖုန်းရဲ့
နောက်ဆုံးထွက် ကင်မရာ pixel များများကို လိုချင်တာ၊ Wifi ဆွဲအား
ပိုကောင်းကောင်း လိုချင်တာ၊ အသစ်ပေါ်တဲ့ Resolution ကောင်းတဲ့Touch Screen
ကိုလိုချင်တာ စတာတွေက အသစ်လဲဖို့ အကြောင်း အရင်းတွေ ဖြစ်လာပါတယ်။

အဲလို
အပျက်အစီးနဲ့ နည်းပညာသစ် လဲလှယ်ခြင်း တွေကြောင့် ဖြစ်လာတဲ့ စမတ်ဖုန်း
တွေရဲ့ စွန့်ပစ်ပစ္စည်း တွေကို လျှော့ချနိုင်ဖို့ နည်းလမ်း ကို နယ်သာလန်
အခြေစိုက် ဒီဇိုင်နာ "Dave Hakkens" ကစဉ်းစား ခဲ့ပါတယ်။ သူ့ရဲ့ ဖုန်းကို
PhoneBlok လို့အမည် ပေးထားပြီး ပုံမှန် မြင်နေ ကျ ဖုန်းတွေလို
ဖုန်းကိုယ်ထည် ၁ခုကို အခြေခံ တည်ဆောက်တာမျိုး မဟုတ်ပဲ ဖုန်းတစ်ခုလုံးကို
Block အတုံးလေးတွေ ဆက်ပြီး ဖွဲ့စည်း ထားတဲ့ အယူအဆ ပါတဲ့။ ထူးတော့ ထူးဆန်း
သလိုပါပဲ။ ပုံပါ အတိုင်းပါပဲ။ ဖုန်းရဲ့ အစိတ်အပိုင်း တွေကို LEGO အရုပ်လို
ဖြုတ်ပြီး ပြန်ဆက် နိုင်ပါတယ်။ ဖုန်းရဲ့ အဓိက အစိတ်အပိုင်း တွေဖြစ်တဲ့
Screen, Battery, Wifi, Antenna, Camera, Processor စတာတွေကို Block
အတုံးလေး တွေအဖြစ် ဖွဲ့စည်းပြီး Base Board တစ်ခုပေါ်မှာ ပင်သေးသေး
လေးတွေနဲ့ တွယ်ဆက် ထားပါတယ်။ Singals တွေက အဲ့ဒီပင်လေး တွေကနေ
သွားပါတယ်တဲ့။ Screen ကတော့ Base Board ရဲ့ရှေ့တစ်ခြမ်း မှာဖြစ်ပြီး၊
ကျန်တဲ့ အစိတ်အပိုင်း တွေက အနောက် တစ်ခြမ်းမှာ၊ အားလုံးဆက် ပြီးသွားရင်
အောက်ခြေမှာ မူလီ သေးသေးလေး နှစ်ခုနဲ့ ပိတ်လိုက် ရုံပါပဲ။ ဒါက သူ့ရဲ့
ဖွဲ့စည်းပုံပါ။

သူက
ပေးနိုင်မယ့် ကောင်းကျိုး တွေကို ဆက်လေ့လာ ကြည့်ရအောင်။ သင်အဲဒီ ဖုန်းကို
သုံးပြီဆိုရင် အချိန်ကြာ လာလို့ ဖုန်းရဲ့ လုပ်ဆောင် ချက်တွေ နှေးလာပြီလား။
Speed Block တွေ၊ Processor Block တွေကို အသစ် (သို့) ပိုစွမ်းအားမြင့်တဲ့
Block နဲ့လဲနိုင် ပါတယ်။ Screen ကွဲသွားလား။ နောက်ဆုံးပေါ် Resolution နဲ့
Screen လိုချင်လား။ ရှေ့ခြမ်းက Screen Block ကိုဖြုတ်လဲ ရုံပါပဲ။
တစ်ခုပျက်လို့ အဟောင်းကို စွန့်စရာ၊ အသစ်တစ်လုံး ၀ယ်စရာ မလိုတော့ ပါဘူး။
အဲ့လိုနည်း အားဖြင့် စမတ်ဖုန်း စွန့်ပစ်ပစ္စည်း တွေကို လျှော့ချ နိုင်မှာပါ။
နောက်ထပ် ကောင်းကျိုး တစ်ခုက တခြားဖုန်း တွေလို ကင်မရာ ကောင်းကောင်း
လိုချင်ရင် ဘယ်စီးရီးကို ၀ယ်မှ၊ Storage များချင်ရင် ဘယ်ဟာကို ရွေးမှ
ဆိုတာမျိုးတွေ မရှိတော့ ပါဘူးတဲ့။ သင့်ဖုန်းကို သင့်စိတ်ကြိုက် ပြုပြင်
ဖန်တီး နိုင်မှာပါ။ ဥပမာ သင်က Data တွေအားလုံးကို Cloud မှာသိမ်း ရတာ
နှစ်သက်တဲ့သူ ဆိုရင် ဖုန်းထဲမှာ Storage များများ ရှိနေတာက သင့်အတွက်
အပိုပါပဲ။ အဲတော့ Storage Block အကြီးကို အသေး နဲ့လဲ၊ လုံးဝ
ဖြုတ်ရင်ဖြုတ်ပြီး အဲဒီအစား သင်နှစ်သက်တဲ့ Battery Block ကြီးကြီးကို
တပ်ဆင်လို့ ရပါတယ်။ ကင်မရာ ခရေဇီဆိုရင် Pixel များများပါတဲ့ Camera Block
ကြီးကြီးကို တပ်ဆင်နိုင်ပြီး၊ ဖုန်း Feature များများစားစား မကြိုက်တဲ့
သက်ကြီး ရွယ်အိုတွေ အတွက် ဆိုရင်တော့ အသံပို ကျယ်ကျယ် ကြားနိုင်ဖို့
Speaker Block ကြီးကြီးကို ရွေးချယ် တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

PhoneBlok
ကိုသုံးခြင်းဖြင့် သင်ကြိုက်တဲ့ Block တွေကို သင်ကြိုက်တဲ့ Brand တွေကနေ
ရွေးချယ် တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။ အဲ့လို ဖြစ် လာဖို့ အတွက်လဲ PhoneBlok
ကသူ့ချည်းပဲ ရပ်တည်လို့ မရပါဘူး။ သုံးစွဲသူ လိုချင်တဲ့ နောက်ဆုံးပေါ်
Features တွေကို သုံးစွဲသူ နှစ် သက်တဲ့ Brands တွေဆီက ရနိုင်ဖို့ Nikon,
Sharp, Intel စတဲ့ အီလက်ထရောနစ် ကုမ္ပဏီကြီး တွေနဲ့ ပူးပေါင်းဖို့
လိုအပ်ပါတယ်။ အခု အချိန် မှာတော့ ဒီအံ့သြဖွယ် စိတ်ကူးယဉ် ဆန်တဲ့ PhoneBlok က
Idea ကောင်းတစ်ခု အနေနဲ့ပဲ ရှိသေးတာပါ။ သူ့ကို တာဝန်ယူ ထုတ်လုပ်မယ့်
ကုမ္ပဏီ၊ Block တွေကို ပူးပေါင်း ထုတ် လုပ်မယ့် ကုမ္ပဏီ စသည်ဖြင့် လိုအပ်နေ
သေးသလို ကျွမ်းကျင် ပညာရှင် တွေကတော့ ဒီ PhoneBlok မှာမ အောင်မြင်ဖို့
နိုင်တဲ့ အကြောင်းအရင်းတွေ အများကြီး ရှိနေသေး တယ်လို့ ဝေဖန်နေ ကြဆဲပါ။

ဒီ Idea
ရဲ့အဓိက ဒီဇိုင်နာ "Dave Hakkens" ကလဲဒီ Idea ကိုလက်တွေ့ အကောင်အထည်
ဖော်ဖို့သူ့ Website ကနေ တစ်ဆင့် ပြင်းပြင်း ထန်ထန် ကြိုးစားနေ ပါတယ်။
အခုလက်ရှိ မှာတော့ ကမ္ဘာတစ်ဝှမ်းက သုံးစွဲသူ တွေက အနာဂတ် အတွက် အီလက်ထရောနစ်
စွန့်ပစ်ပစ္စည်း တွေ များပြားလာ မှုကို ဖြေရှင်းမယ့် နည်းလမ်း ဖြစ်နိုင်မလား
ဆိုတာကို စိတ်ဝင်တစား စောင့်ကြည့် နေပြီး Thunderclap Service မှတစ် ဆင့်
ထောက်ခံမှု တွေလဲ အများအပြား ရနေကာ WebPage ရဲ့ Traffic ကို ထိန်းမနိုင်
လောက်အောင်ပဲလို့ သိရပါတယ်။ အောက် တိုဘာ လကုန် မှာတော့ ကမ္ဘာနှင့် အ၀ှမ်းက
PhoneBlok ကိုထောက်ခံမှု ဘယ်လောက်ရှိလဲ ဆိုတာကို တရားဝင် စုစည်း
တင်ပြမယ်လို့ သတင်း ထုတ်ပြန် ထားပါတယ်။

Images from techweekeurope, cdn.androidpolice, droid-life. Source: huffingtonpost.com, phonebloks.com
credit mymclub.net
0 comments:
Post a Comment