Latest

00:39 AM IOS 7.1 DOWNLOAD

Samsung ရဲ့ ဈေးကြီးတဲ့ ‘ခေါက်ဖုန်း’

====================

ဈေးကြီးပြီးအဆင့်မြင့်တဲ့ ခေါက်ဖုန်းတစ်မျိုးကို Samsung မှ ထုတ်လုပ်လိုက်ပြန်ပါပြီ။ နာမည်ကတော့ Samsung SM-W2014 ဖြစ်ပြီး မျက်နှာပြင် ၃.၇လက်မ အရွယ်အစားရှိ WVGA Super AMOLED Display တပ်ဆင်ထားတာပါ။ အန်းဒရွိုက်ဗားရှုင်း 4.3 အသုံးပြုမောင်းနှင်ထားကာ အပြင်ပုံသဏ္ဍာန်ကတော့ ကျွန်တော်တို့ အရင်ကကိုင်တဲ့ ခေါက်ဖုန်းပဲ ဖြစ်ပါတယ်။

ဒါပေမယ့် သာမန် ခေါက်ဖုန်းတစ်လုံးထက်ကို အများကြီးအဆင့်မြင့်တဲ့ Features တွေ ထည့်သွင်းပေးထားပါတယ်။ လက်ရှိဈေးကွက်ထဲမှာ အလျင်မြန်ဆုံး ချစ်ပ်ဖြစ်တဲ့ Qualcomm မှထုတ်လုပ်တဲ့ Snapdragon 800 တပ်ဆင်ထားပြီး CPU က 2.3GHz နဲ့ RAM 2GB စီစဉ်ထားတာပါ။ 13MP ကင်မရာ ထည့်သွင်းထားကာ ဖုန်းတွင်းမှတ်ဥာဏ် 32GB နဲ့ Battery ကိုလည်း 1900mAh တပ်ဆင်ထားပါတယ်။

ဈေးနှုန်းကတော့ ဒေါ်လာ ၁၆၀၀ သတ်မှတ်ထားတာပါ။ ဒါပေမယ့်လည်း ဒီဖုန်းနဲ့ပတ်သက်ပြီး ဘယ်လိုထင်မြင်ကြပါသလဲ? ကျွန်တော်သာဆိုရင်တော့ မျက်နှာပြင်သေးတဲ့ ဒီလို ခေါက်ဖုန်းကို ဒီဈေးနဲ့ဝယ်ရမှာ မတန်ဘူးလို့ ယူဆပါတယ်။

Samsung ကတော့ ခေါက်ဖုန်းနှစ်သက်သူတွေ အတွက် အလန်းပြင်ဆင်ပြီး ထုတ်လုပ်ပေးလိုက်တာ ဖြစ်နိုင်သလို ပေါ်ပင်လုပ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ Touchscreen စမတ်ဖုန်းတွေကိုမှ မျက်နှာပြင်ကြီးကြီး၊ Spec: ကောင်းကောင်း ဖန်တီးနေကြတဲ့အချိန်မှာ တောင်ကိုရီးယား Samsung က အခုလို ထူးထူးဆန်းဆန်း လုပ်ပြလိုက်ပါတယ်။

Ref: Android & ME
Kangyi ( @[384466751661427:274:Myanmar Consumer Guide])

Kangyi ( Myanmar Consumer Guide)
05 Nov 2013

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

Top