Latest

00:39 AM IOS 7.1 DOWNLOAD


 Wii Mini ကို Christmas အမှီ US မှာ $99 နဲ့ ရောင်းချတော့မည်
==========================================
ဒီနှစ်အစောပိုင်းက UK နဲ့  Canada မှာ ရောင်းချခဲ့တဲ့ Wii Mini ကို US မှာ စတင်ရောင်းချတော့မယ်လို့  Nintendo ကကြေညာပါတယ်။ဈေးသက်သာတဲ့ ဂိမ်းစက်ကို နိုဝင်ဘာလ လလယ်မှာ $99 နဲ့ ရောင်းချမှာဖြစ်ပါတယ်။ Wii Mini နဲ့  သူ့ အရင် ဂိမ်းစက်နဲ့ ကွာခြားမှု ကတော့  Wii Mini ကအင်တာနက်အသုံးပြု  လို့ မရပါဘူး။  SD Card Slot လည်းမပါရှိဘဲ GameCube games တွေကို ကစားလို့ မရပါဘူး။ နောက်ပြီး အနီရောင်တစ်မျိုး ပဲ ရရှိမှာဖြစ်ပြီး သူ့ အရင် ဂိမ်းစက်တွေလို အနက်ရောင်၊ အဖြူရောင် ရွေးချယ်လို့ မရပါဘူး။
အင်တာနက်အသုံးပြုလို့ မရပေမယ့် အမျိုးအစား (၁၃၀၀)ကျော်ရှိတဲ့ Wii ဂိမ်းတွေကိုဆော့လို့ ရမယ်လို့  Nintendo ကပြောပါတယ်။ Mario Kart Wii, a red Wii Remote Plus controller, a red Nunchuk controller စတာတွေ ပါရှိပါမယ်။
Wii Mini က ကမ္ဘာတစ်ဝန်း က သန်းနဲ့ ချီတဲ့ လူတွေကြိုက်နှစ်သက်ကြတဲ့ Wii လို ပဲ ပျော်စရာကောင်းတဲ့ ဂိမ်းတွေကိုဆော့ကစားနိုင်မှာပါလို့  Nintendo ရဲ့ အမေရိကန် ရုံးမှ ရောင်းချရေးနှင့် ဈေးကွက်ရှာဖွေရေး ဌာနရဲ့ ဒုတိယ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Scott Moffitt ကပြောပါတယ်။ ရောင်းအကောင်းဆုံး ဂိမ်းဖြစ်ပြီး Multi Player ကစားနိုင်တဲ့ Mario Kart Wii ဂိမ်းကိုလည်း အခမဲ့ ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ ဈေးလည်းသက်သာတဲ့အတွက် ဒီနှစ် ဈေးဝယ်ရာသီမှာလူတွေ အကြိုက်တွေ့ ကြမှာပါ။
သက်သာတဲ့ ဈေးနှုန်းနဲ့  အခမဲ့ ထည့်သွင်းပေးထားတဲ့ ပစ္စည်းတွေက ကလေးတွေနဲ့  ဂိမ်းကစားသူ တွေကို စွဲဆောင်နိုင်လိမ့်မယ်လို့  Nintendo ကမျှော်လင့်နေပါတယ်။ Super Mario Galaxy, The Legend of Zelda: Twilight Princess and Super Paper Mario စတဲ့ ဂိမ်းတွေကိုလည်း တစ်ခုကို $19.99 နဲ့ ဝယ်ယူနိုင်ပါတယ်။ ဒါ့အပြင် ဈေးလျှော့ရောင်းချပေးနေတဲ့ ဂိမ်းသုံးမျိုးဖြစ်တဲ့ Super Mario Galaxy 2, New Super Mario Bros. Wii and Wii Sports Resort တို့ ကိုလည်း တစ်ခုကို $29.99 နဲ့ ဝယ်ယူနိုင်ပါတယ်။
ဒီနှစ်အစောပိုင်းက UK နဲ့  Canada မှာ ရောင်းချခဲ့တဲ့ Wii Mini ကို US မှာ စတင်ရောင်းချတော့မယ်လို့  Nintendo ကကြေညာပါတယ်။ဈေးသက်သာတဲ့ ဂိမ်းစက်ကို နိုဝင်ဘာလ လလယ်မှာ $99 နဲ့ ရောင်းချမှာဖြစ်ပါတယ်။ Wii Mini နဲ့  သူ့ အရင် ဂိမ်းစက်နဲ့ ကွာခြားမှု ကတော့ Wii Mini ကအင်တာနက်အသုံးပြု လို့ မရပါဘူး။ SD Card Slot လည်းမပါရှိဘဲ GameCube games တွေကို ကစားလို့ မရပါဘူး။ နောက်ပြီး အနီရောင်တစ်မျိုး ပဲ ရရှိမှာဖြစ်ပြီး သူ့ အရင် ဂိမ်းစက်တွေလို အနက်ရောင်၊ အဖြူရောင် ရွေးချယ်လို့ မရပါဘူး။
အင်တာနက်အသုံးပြုလို့ မရပေမယ့် အမျိုးအစား (၁၃၀၀)ကျော်ရှိတဲ့ Wii ဂိမ်းတွေကိုဆော့လို့ ရမယ်လို့  Nintendo ကပြောပါတယ်။ Mario Kart Wii, a red Wii Remote Plus controller, a red Nunchuk controller စတာတွေ ပါရှိပါမယ်။
Wii Mini က ကမ္ဘာတစ်ဝန်း က သန်းနဲ့ ချီတဲ့ လူတွေကြိုက်နှစ်သက်ကြတဲ့ Wii လို ပဲ ပျော်စရာကောင်းတဲ့ ဂိမ်းတွေကိုဆော့ကစားနိုင်မှာပါလ
ို့  Nintendo ရဲ့  အမေရိကန် ရုံးမှ ရောင်းချရေးနှင့် ဈေးကွက်ရှာဖွေရေး ဌာနရဲ့ ဒုတိယ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Scott Moffitt ကပြောပါတယ်။ ရောင်းအကောင်းဆုံး ဂိမ်းဖြစ်ပြီး Multi Player ကစားနိုင်တဲ့ Mario Kart Wii ဂိမ်းကိုလည်း အခမဲ့ ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ ဈေးလည်းသက်သာတဲ့အတွက် ဒီနှစ် ဈေးဝယ်ရာသီမှာလူတွေ အကြိုက်တွေ့ ကြမှာပါ။
သက်သာတဲ့ ဈေးနှုန်းနဲ့  အခမဲ့ ထည့်သွင်းပေးထားတဲ့ ပစ္စည်းတွေက ကလေးတွေနဲ့  ဂိမ်းကစားသူ တွေကို စွဲဆောင်နိုင်လိမ့်မယ်လို့  Nintendo ကမျှော်လင့်နေပါတယ်။ Super Mario Galaxy, The Legend of Zelda: Twilight Princess and Super Paper Mario စတဲ့ ဂိမ်းတွေကိုလည်း တစ်ခုကို $19.99 နဲ့ ဝယ်ယူနိုင်ပါတယ်။ ဒါ့အပြင် ဈေးလျှော့ရောင်းချပေးနေတဲ့ ဂိမ်းသုံးမျိုးဖြစ်တဲ့ Super Mario Galaxy 2, New Super Mario Bros. Wii and Wii Sports Resort တို့ ကိုလည်း တစ်ခုကို $29.99 နဲ့ ဝယ်ယူနိုင်ပါတယ်။
credit  Myanmar Digital Life Journal

09 Nov 2013

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top