Latest

00:39 AM IOS 7.1 DOWNLOAD


ယခုနောက်ပိုင်း Facebook ပေါ်မှာ မိမိ ဝါသနာပါရာ အကြောင်းအရာလေးများကို (ဥပမာ သီချင်းဆိုပြ၊ ရယ်စရာလေးတွေလုပ်ပြခြင်းနှင့် တစ်ခုခုကို သင်ပေးခြင်း) အစရှိသည်ဖြင့် Video post လေးတွေလုပ်ပြီး တင်လာတာက တော်တော်လေးကို ခေတ်စားလာနေပါတယ်။

များသောအားဖြင့်တော့ Mobile Camera လေးများနှင့် ရိုက်ယူကြပါတယ်၊ အဲဒီလို သူငယ်ချင်းတွေ အတွက် ကမ္ဘာပေါ်မှာ အကြော်ကြားဆုံး Video sharing site တစ်ခုဖြစ်တဲ့ YouTube ကနေပြီး Video တွေကို လွယ်လွယ်ကူကူ Upload လုပ်နိုင်အောင် App တစ်ခုကို ထုတ်ပေးထားပါတယ်...

"Capture" လို့ အမည်ပေးထားတဲ့ YouTube ရဲ့ App က ဗီဒီယိုများကို Pause, Resume ပုံစံနဲ့ ရိုက်ကူးနိုင်သလို ရိုက်ကူးပြီးသား Video clips များကို အကန့်အသတ်မရှိ Timeline တွင် ထည့်သွင်းပြီး (ဖြတ်ညှပ်)Trim လုပ်ခြင်း၊ အရှေ့အနောက် (Rearrange) လုပ်နိုင်ခြင်းတို့အပြင် မိမိ၏ Music Library ထဲတွင် ရှိသော သီချင်းများကို နောက်ခံတေးဂီတ (PlayBack) အနေနှင့်ပါ ထည့်သွင်းနိုင်ပြီး "YouTube" မှာ တိုက်ရိုက် Upload လုပ်နိုင်ပါလိမ့်မယ်..






အဲဒီနောက် မိမိနှစ်သက်ရာ Social Network မှာ မျှဝေလို့ ရပါပြီ...
>> iOS အတွက် App Store မှာ "FREE" ရယူနိုင်ပါပြီ..
>> အောက်က QR code လေးကို Scan လုပ်ပြီး Free Download လုပ်နိုင်ပါပြီ..





Credit to : YouTube


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" and "Share"လုပ်နိုင်ပါတယ်

မိုးသိကြား

14 Nov 2013

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top