Mobile Restaurant Guide ဖြင့် စားသောက်ဆိုင်များ အလွယ်တကူ ရှာဖွေနိုင်မည်
Mobile Restaurant Guide ဖြင့် စားသောက်ဆိုင်များကို အလွယ်တကူ ရှာဖွေနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Application ဖြင့် မိမိရောက်ရှိနေသည့် နေရာနှင့် အနီးစပ်ဆုံး စားသောက်ဆိုင်များကို အလွယ်တကူ ရှာဖွေနိုင်မည်ဖြစ်ကြောင်း သိရသည်။ Android နှင့် iOS နှစ်မျိုးစလုံးတွင် ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်ပြီး Windows OS ဖုန်းများအတွက် ထပ်မံဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ၊ အင်္ဂလိပ်ဘာသာစကား နှစ်မျိုး အသုံးပြုနိုင်မည်ဖြစ်ပြီး စားသောက်ဆိုင်များ၏ အချက်အလက်များကို မိတ်ဆွေ၊ သူငယ်ချင်းများထံသို့ အလွယ်တကူ ပို့နိုင်သည့် Forward Function ပါဝင်မည်ဖြစ်ပြီး
စားသောက်ဆိုင်၏ တည်နေရာ၊ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်၊ Website များကို အပြည့်အစုံ ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။ စားသောက်ဆိုင်အမည်ဖြင့် ရှာဖွေနိုင်သလို၊ အစားအသောက်အမျိုးအစားအလိုက် ရှာဖွေလိုပါကလည်း ရှာဖွေနိုင်မည်ဖြစ်ကြောင်း သိရသည်။ Mobile Restaurant Guide Mobile Application အား Edwin Consultancy Service မှ ရေးသားထုတ်လုပ်ပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များ၏ စားသောက်ဆိုင်များကို မိုဘိုင်းဖုန်းဖြင့် ရှာဖွေနိုင်မည်ဖြစ်ကြောင်း သိရသည်။ Application ထည့်သွင်း အသုံးပြုလိုသူများအနေဖြင့် www.edwincs.com နှင့် မိုဘိုင်းဖုန်းဆိုင်များတွင် အခမဲ့ ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
Credit : Internet Journal
0 comments:
Post a Comment