iPhone တွေအတွက်  မြန်မာ font သွင်းရလဲ ဆိုပြီး ကျွန်တော့်ဆီ Mail ပို့ ပြီး မေးလာတဲ့အတွက် ဒီ Post လေးကိုတင်လိုက်ပါတယ်။ ဒီနည်းကတော့ iOS 4.3.3 နဲ့ အထက် မြန်မာ Font နဲ့  မြန်မာ Keyboard သွင်းနည်းလေးပါ။ အောက်မှာ Step by step ရှင်းပြသွားပါမယ်။ 1. အရင်ဆုံး Cydia >> Manage >> Sources >>  Edit >> Add ထဲကနေ cydia.macforus.com ကို add လိုက်ပါ။
2. Source Add ပြီးရင် URL ကို Verify လုပ်ပါလိမ့်မယ်။ ပြီးတဲ့ အထိခဏစောင့်လိုက်ပါ။
3. ပြီးသွားရင် Cydia >. Manage >>Sources >> cydia.macforus.com ထဲကနေ Zawgyi iOS 4.3 Font ကိုရှာပြီး Install လုပ်လိုက်ပါ။
4. Font Install လုပ်ပြီးသွားရင် ဒီတစ်ခါ Keyboard ကို install လုပ်ပါမယ်။  Cydia >> Manage >>Sources >> cydia.macforus.com ထဲကပဲ Zawgyi Keyboard iPhone ကိုရှာပြီး install လုပ်လိုက်ပါ။
5. Zawgyi Font ရော Keyboard ရော install လုပ်ပြီးသွားရင်တော့ Cydia ထဲကနေထွက်ပြီး
Settings >> General >> Keyboard >> International Keyboards >> Add New Keyboard >> ထဲမှာ Myanmar မြန်မာ ဆိုတဲ့ Keyboard လေးရှိလိမ့်မယ်။ အဲဒါကို Add လိုက်ပါ။
6. အပေါ်အဆင့်တွေ အားလုံးလုပ်ပြီး သွားရင်တော့ သင့်ရဲ့  iPhone မှာ Myanmar Font ရော Myanmar Keyboard ရော ရသွားပါပြီ။
အားလုံးအဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်…….
Posted by Zin Ko Oo

0 comments:

Post a Comment

 
Top