Latest

00:39 AM IOS 7.1 DOWNLOAD

ပြည်ပမှာ နှစ်ပေါင်း ၁၅ နှစ်ကျော် အခြေစိုက်ခဲ့ပြီး အစောဆုံး ပြည်တွင်းဝင်ကာ ရပ်တည်နေတဲ့ မဇ္ဇျိမ သတင်း ဌာနကို ထူထောင်ခဲ့သူတွေက သူဋ္ဌေးကြီး မစ္စတာ ဆာ့ခ်ျပန်းနဲ့ ဦးဆန်နီဆွေတို့ကို ရောင်းစား လိုက်ပါပြီ။ 





အခုဆိုရင် ဒါရိုက်တာ ဘုတ်အဖွဲ့မှာ တာဝန်ခံအဖြစ် မစ္စတာ ဆာ့ခ်ျပန်းက တာဝန်ယူလိုက်ပြီး စစ်ထောက် လှမ်း အရာရှိဟောင်း ဗိုလ်မှူးချုပ် သိန်းဆွေရဲ့ သား ဦးဆန်နီဆွေက CEO အဖြစ် ဦးဆောင်ကာ အယ်ဒီတာ ချုပ် ဦးစိုးမြင့်တို့ပူးပေါင်းပြီး Mizzima Media Group အဖြစ် ပြောင်းလဲ ထူထောင်လိုက်တာပါ။ 

မဇ္ဖျိမ သတင်းဌာနကို အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ၁၉၉၈ ခုနှစ်က စတင်၍ Non- Profit Organization အဖြစ် ထူထောင်ကာ အမေရိကန်အခြေစိုက် NED၊ အမေရိကန် သူဌေးကြီး ဂျော့ခ်ျ ဆိုးရော့စ် ထူထောင် ထားတဲ့ Open Cociety Institude- OSI အပါအ၀င် နိုင်ငံခြား တိုင်းပြည်တွေက ရန်ပုံငွေတွေနဲ့  လည်ပတ်
နေခဲ့တာပါ။ 

အခု မဇ္ဇျိမကို အဓိက ၀ယ်ယူလိုက်တယ်ဆိုတဲ့ ဦးဆန်နီဆွေဆိုတာက အခုလက်ရှိ သူ့မှာ စီးပွားရေးအရ ဒီလောက်ထိ မရှိပေမယ့် သူ့နောက်က ရော့စ်ဒန်ကလေက ငွေပင်ငွေရင်း ထုတ်ပေးတယ်ဆိုတဲ့ အတည်ပြု လို့မရတဲ့သတင်းတွေက ဆိုပါတယ်။

ပြည့်တန်ဆာမ တဦးကို ဆေးကြောင်ပြီး ရိုက်နှက်ခဲ့လို့ ဖမ်းဆီး တရားစွဲခံခဲ့ရာက အာမခံနဲ့ ပြန်လွတ်လာတဲ့ ဒန်ကလေကလည်း မြန်မာတိုင်းမ် ကို ပူးပေါင်းလုပ်ဆောင်လာရင်း ဒေါက်တာတင်ထွန်းဦးနဲ့ မြန်မာတိုင်းမ် ပိုင်ဆိုင်မှု ဝေစုကိစ္စတွေ  အမှုရင်ဆိုင်နေရဆဲဖြစ်ပြီး သူ့အနေနဲ့ မြန်မာတိုင်းမ်ကို စွန့်လွှတ်ရမယ့် အခြေစိုက် နေချိန် မဇ္ဇျိမက လက်ရှိ နေ့စဉ်သတင်းစာ၊ အွန်လိုင်း အင်္ဂလိပ်-မြန်မာ ၀က်ဆိုက်တွေနဲ့ ဂျာနယ်၊ မဂ္ဂဇင်း တွေ နဲ့ မီဒီယာပလက်ဖောင်း အဆင်သင့်ဖြစ်နေတာကြောင့် အခုလို ဦးဆန်နီဆွေအနေနဲ့ မဇ္ဇျိမကို ၀ယ်ယူ စေခဲ့တာလို့ MM Play Boys က သတင်းရပါတယ်။
03 Nov 2013

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top