ပြီးခဲ့တဲ့
လက ၊ ရက်ပိုင်းများက မိတ်ဆက်ကြေညာခဲ့တဲ့ ပစ္စည်းများကို Apple စီအီးအို Tim
Cook က New Product ကို ခေါင်းစဉ် မတပ်ပါဘူး။ သူ တကယ် ခေါင်းစဉ် တပ်မယ့်
New Product များက နောက်နှစ်ဆန်းပိုင်း အတွင်း ရောက်ရှိမှာ ဖြစ်ကြောင်း
ပြီးခဲ့တဲ့ တနင်္လာနေ့က အင်တာဗျူး တစ်ခုမှာ ဖြေကြားခဲ့ ပါတယ်။
ကုန်ပစ္စည်း အသစ်အတေနနဲ့ Apple iTV နဲ့ iWatch ဖြစ်မယ်လို့ အများစုက
ယုံကြည် ခန့်မှန်းထားပြီးသား ဖြစ်ပါတယ်။ ၂၀၁၄ နှစ်ဆန်းပိုင်းအတွင်း
မိတ်ဆက်လို့ နှစ်လယ်လောက် နောက်ပိုင်းမှာ ဖြန့်ချိရောင်းချမယ်လို့တောင်
တစ်ခါတည်း ခန့်မှန်းထားကြ ပါတယ်။ Apple မှာ ပါဝင် ရင်းနှီးမြှုပ်နှံထား
သူများကိုတော့ ကုန်ပစ္စည်းအသစ် အကြောင်းကို လျှို့ ဝှက်စွာ
မိတ်ဆက်ပေးလိုက်ပြီး ဖြစ်ကြောင်း သတင်းများမှာ ရေးသား ဖော်ပြ ထားပါတယ်။
Software မှာရော၊ Hardware မှာရော Unique ဖြစ်တဲ့ ပစ္စည်းများကို
ဆက်တိုက်ထုတ်လုပ် သွားမှာ ဖြစ်ကြောင်း Tim Cook က ပြောဆိုခဲ့ခြင်း
ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက် ၉၀ အတွင်းက iPhone အလုံးရေ ၃၃.၈ သန်း၊ iPad ၁၄.၁
သန်း၊ Mac ၄.၆ သန်း၊ iPod ၃.၄၉ သန်း ရောင်းချခဲ့ရပြီး Revenue
အမေရိကန်ဒေါ်လာ ၃၇.၅ ဘီလျံ နဲ့ အသားတင် အမြတ်ငွေ ၇.၅ ဘီလျံတို့
ရရှိခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၃ ခုနှစ်ရဲ့  အဖိုးအတန်ဆုံး နည်းပညာ ကုမ္မဏီများ
စာရင်းထဲမှာလည်း Apple က ထိပ်ဆုံးမှာ ရှိနေအုံးမယ်လို့
ယုံကြည်ထားကြကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham ( TSJ Team )
ပြီးခဲ့တဲ့
လက ၊ ရက်ပိုင်းများက မိတ်ဆက်ကြေညာခဲ့တဲ့ ပစ္စည်းများကို Apple စီအီးအို Tim
Cook က New Product ကို ခေါင်းစဉ် မတပ်ပါဘူး။ သူ တကယ် ခေါင်းစဉ် တပ်မယ့်
New Product များက နောက်နှစ်ဆန်းပိုင်း အတွင်း ရောက်ရှိမှာ ဖြစ်ကြောင်း
ပြီးခဲ့တဲ့ တနင်္လာနေ့က အင်တာဗျူး တစ်ခုမှာ ဖြေကြားခဲ့ ပါတယ်။
ကုန်ပစ္စည်း အသစ်အတေနနဲ့ Apple iTV နဲ့ iWatch ဖြစ်မယ်လို့ အများစုက ယုံကြည် ခန့်မှန်းထားပြီးသား ဖြစ်ပါတယ်။ ၂၀၁၄ နှစ်ဆန်းပိုင်းအတွင်း မိတ်ဆက်လို့ နှစ်လယ်လောက် နောက်ပိုင်းမှာ ဖြန့်ချိရောင်းချမယ်လို့တောင် တစ်ခါတည်း ခန့်မှန်းထားကြ ပါတယ်။ Apple မှာ ပါဝင် ရင်းနှီးမြှုပ်နှံထား သူများကိုတော့ ကုန်ပစ္စည်းအသစ် အကြောင်းကို လျှို့ ဝှက်စွာ မိတ်ဆက်ပေးလိုက်ပြီး ဖြစ်ကြောင်း သတင်းများမှာ ရေးသား ဖော်ပြ ထားပါတယ်။
Software မှာရော၊ Hardware မှာရော Unique ဖြစ်တဲ့ ပစ္စည်းများကို ဆက်တိုက်ထုတ်လုပ် သွားမှာ ဖြစ်ကြောင်း Tim Cook က ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက် ၉၀ အတွင်းက iPhone အလုံးရေ ၃၃.၈ သန်း၊ iPad ၁၄.၁ သန်း၊ Mac ၄.၆ သန်း၊ iPod ၃.၄၉ သန်း ရောင်းချခဲ့ရပြီး Revenue အမေရိကန်ဒေါ်လာ ၃၇.၅ ဘီလျံ နဲ့ အသားတင် အမြတ်ငွေ ၇.၅ ဘီလျံတို့ ရရှိခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၃ ခုနှစ်ရဲ့  အဖိုးအတန်ဆုံး နည်းပညာ ကုမ္မဏီများ စာရင်းထဲမှာလည်း Apple က ထိပ်ဆုံးမှာ ရှိနေအုံးမယ်လို့ ယုံကြည်ထားကြကြောင်း သိရပါတယ်။

0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.