Latest

00:39 AM IOS 7.1 DOWNLOAD




One Directionစတား နာမည်ကျော် အဆိုတော်လေးသည် ဂျပန်နိုင်ငံသို့ ရောက်ရှိနေစဉ် Discount ပေးနေသည့် ဂျပန်စတိုးဆိုင် တစ်ခုသို့ သွားရောက်ကာ ဈေးဝယ်ထွက်ခဲ့သည်။လူတိုင်း ဈေးလျှော့ပေးသော အရောင်းပွဲတော်များကို နှစ်သက်ကြသည်။ သန်းကြွယ်သူဌေး တစ်ဦးပင်လျှင် Discount အစီအစဉ်များကို သဘောကျသည်သာဖြစ်ကြောင်း ဟယ်ရီစတိုင်လ်စ်က သက်သေပြခဲ့သည်။ One Directionစတား နာမည်ကျော် အဆိုတော်လေးသည် ဂျပန်နိုင်ငံသို့ ရောက်ရှိနေစဉ် Discount ပေးနေသည့် ဂျပန်စတိုးဆိုင် တစ်ခုသို့ သွားရောက်ကာ ဈေးဝယ်ထွက်ခဲ့သည်။ စနေနေ့က တိုကျိုမြို့တွင် ဖွင့်လှစ်ထားသော စတိုးဆိုင် တစ်ခုသို့ ဟယ်ရီ ရောက်ရှိလာခြင်း ဖြစ်သည်။ ရော့ပွန်ဂီ အရပ်ရှိ Don Quijote စတိုးဆိုင်တွင် Discount အစီအစဉ် ရှိနေရာ ဟယ်ရီက ကိုယ်ရံတော် အချို့နှင့်အတူ ရောက်ရှိလာခဲ့သည်။ မမျှော်လင့်ဘဲ ၎င်းကို တွေ့ရချိန်တွင် ပရိသတ် အများအပြားက တအံ့တဩ ဖြစ်နေခဲ့သည်။ 
ဟယ်ရီကိုယ်တိုင်ကမူ အတန်ငယ် ပျော်မြူးနေသည့်ဟန်ဖြင့် ဆိုင်ထဲသို့ ဝင်ရောက်လာသည်။ အသက်(၁၉)နှစ်ရှိ ဟယ်ရီသည် လှည့်ကြည့်နေသော ပရိသတ်များကို ပြုံးပြနှုတ်ဆက်ရင်း ဆိုင်ထဲဝင်သွားခဲ့သည်။ Don Quijote ဆိုင်များကို ဂျပန်တို့က Donkiဟု ခေါ်ဝေါ်လေ့ရှိပြီး အဝတ်အစားများနှင့် လူ့အသုံးအဆောင်များကို Discount အစီအစဉ်ဖြင့် ရောင်းချပေးသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ ဂျပန်နိုင်ငံ တနံတလျားတွင် Don Quijote ဆိုင်ခွဲပေါင်း (၁၆၀)မျှ ရှိနေသည်။ ဟယ်ရီနှင့် ၎င်း၏ အဖွဲ့သားများသည် Take Me Home ကမ္ဘာလှည့် ခရီးစဉ်အရ ဂျပန်နိုင်ငံသို့ ရောက်ရှိ နေခြင်းဟု သိရှိရသည်။
04 Nov 2013

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top