အခုတော့မဟုတ်သေးပါဘူး။ အနီးစပ်ဆုံး အနေနဲ့လာမယ့် ၈ နှစ်အတွင်း ဖြစ်ပေါ်လာအောင် ကြိုးစားဖန်တီးနေပြီ ဖြစ်ပါတယ်။

တစ်နာရီ မိုင် ၃၂ဝ ဆိုတော့လက်ရှိ တရုတ်ပြည်မှာ ပြေးဆွဲနေတဲ့တစ်နာရီ ၂၆၈ မိုင် ရထားထက် အများကြီးမြန်ပါတယ်။ ကြောက်စရာလည်း ကောင်းမှာပါ။ လေခုခံမှုကို ဖြိုခွင်းပြီး ခရီးထွက်မယ့် ရထးအတွက် လမ်းပါ အသစ်ဆောက်ပေးရမှာပါ။ ပြေးတဲ့အခါ ရထားလမ်းနဲ့တောင် မထိပါဘူး။ မထိသထိ နဲ့ရေပေါ်ပေါ်သလို ငြိမ့်ပြီး လိုရာခရီးရောက်မှာပါ။ ဒီတော့ဘေး အကာအရံ၊ လုံခြုံရေးစနစ်က အင်မတန် အရေးကြီးသွားပါတယ်။

ပထမဆုံး စမ်းသပ်ချက်အနေနဲ့က အောင်မြင်ပြီးသွားပြီ ဖြစ်ပါတယ်။ ယင်း စမ်းသပ်ချက်ကို ရထား တစ်တွဲနဲ့လုပ်သွားတာပါ။ နေက်ဆိုရင် ပုံမှန်ပြေးဆွဲနေတဲ့သံလိုက် ရထား အတွဲများကဲ့သို့အရှည်ဆောက်မှာ ဖြစ်ပါတယ်။ တိုကျိုနဲ့အိုဆာကာကြား ပြေးဆွဲမှာပါ။ ယင်း ရထားဟာ ကမ္ဘာ့အမြန်ဆုံး ကျည်ဆံရထား ဖြစ်လာမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: techblog
ColayAutomobile
.

0 comments:

Post a Comment

 
Top