clip_image002

ဒီနေ့ ခေတ်မှာ Email Providers တွေ အများအပြားရှိပြီး သင့်မှာလည်း Gmail အပြင်တစ်ခြား Email Account တွေ ရှိမှာသေချာပါတယ်။အဲဒီ Email Account တွေမှာသက်ဆိုင်ရာ App တွေ ရှိပေမယ့် တစ်ခုချင်းစီကိုဖွင့်ပြီးအသုံးပြုရပါတယ်။ SolMail ကိုအသုံးပြုရင် Gmail,Yahoo,Hotmail,AOL အပြင်တစ်ခြား Email Services တွေ အားလုံးကို SolMail App တစ်ခုထဲကနေအသုံးပြုလို့ ရတဲ့အတွက်အဆင်ပြေစေပါတယ်။
အကောင့်တွေ အားလုံးက အီးမေးတွေကို ကြည့်တဲ့ အခါမှာ SolMail  က Color တွေနဲ့ ခွဲခြားပြနိုင်တဲ့အတွက် ဘယ်အီးမေးက ဘယ် Service Provider ကလဲဆိုတာ ခွဲခြားသိနိုင်ပါတယ်။ Email Service တစ်ခုချင်းစီကိုလည်း ခွဲခြားကြည့်နိုင်ပါတယ်။အကောင့်တွေ Add ဖို့ အတွက် + button ကိုနှိပ်ပါ။
clip_image003

အီးမေးတွေကို ရှာဖို့  Keywords တွေကိုသုံးနိုင်ပါတယ်။SolMail က Gmail ရဲ့ Swiping Gestures ကိုလည်း Support ပေးပါတယ်။အီးမေးတစ်ခုကို အလျားလိုက် ဘယ် ၊ ညာ ဆွဲပြီး Delete or Archive လုပ်နိုင်ပါတယ်။ Archive လုပ်တာကတော့ Inbox ကနေ ဖယ်ရှားလိုက်တာဖြစ်ပြီး Archive ဖိုဒါမှာ သိမ်းပေးထားတဲ့သဘောပါ။ Inbox မှာ အောက်ဘက်ကို ဆွဲချလိုက်ရင် Refresh လုပ်ပေးမှာဖြစ်ပြီး အီးမေးအသစ်တွေကို ရရှိနိုင်ပါတယ်။အီးမေးတစ်ခုကိုဖတ်နေတဲ့အချိန်မှာ ဘယ်၊ ညာ ပွတ်ဆွဲ ပြီး Next ,  Previous အီးမေးတွေကို အလွယ်တကူဖတ်နိုင်ပါတယ်။
clip_image004

Settings ထဲမှာတော့ SolMail က Default အနေနဲ့ ပြပေးမယ့် Email Account ကိုသတ်မှတ်နိုင်ပါတယ်။ အီးမေးတွေ ပေးပို့ တဲ့အခါမှာလည်း အသုံးပြုမယ့် Default Email Account ကိုသတ်မှတ်နိုင်ပါတယ်။ Font Size, Frame of Email Content စတာတွေအပြင် Data Optimization စတာတွေကိုလည်း Tweak လုပ်နိုင်ပါတယ်။ Attachments တွေကို ဒေါင်းလုပ်လုပ်ဖို့  နေရာကိုလည်းသတ်မှတ်နိုင်ပါတယ်။
SolMail မှာ တစ်ခြား Email App တွေ Support မပေးတဲ့ Stickers တွေကိုလည်းသုံးနိုင်ပါတယ်
clip_image005

တစ်ခါတစ်လေမှာ ကိုယ့် ကိုယ်ကို အီးမေး ပြန်ပို့ ရတဲ့ အခြေအနေတွေ ရှိပါတယ်။ ဖုန်း ဘရောက်စာကနေ ၀က်ဆိုက်တွေ ကြည့်နေရင်းက နှစ်သက်တဲ့ဆောင်းပါးတစ်ပုဒ်ကို ကွန်ပြူတာကနေ ပြန်ဖတ်ချင်တဲ့  အခြေအနေမှာ မိမိကိုယ်မိမိ အီးမေးပြန်ပို့ ပေးနိုင်ပါတယ်။SolMail မှာအဲလို လုပ်ဖို့  လွယ်ကူအောင်ပြုလုပ်ပေးထားပါတယ်။ Email Composition View က ပေးပို့ မယ့်  အီးမေးလိပ်စာ မှာ To Me ဆိုတာကို အသုံးပြုနိုင်ပါတယ်။
ဖိုင်တွေကို Attachments တွေ အနေနဲ့ ပေးပို့ ချင်ရင်လည်း လွယ်ကူအဆင်ပြေအောင်ပြုလုပ်ပေးထားပါတယ်။ ဒါ့အပြင် Video,Voice Recording တွေကို Attach လုပ်ပြီးပေးပို့ နိုင်ပါသေးတယ်။
SolMail က Email အကောင့်တစ်ခုထက်ပို ရှိတဲ့သူတွေ၊ Email Services တွေတစ်ခုထက်ပို အသုံးပြုတဲ့သူတွေ အတွက် တော်တော် အဆင်ပြေစေတဲ့ Email Client တစ်ခုပါ။စာဖတ်သူမှာလည်း အီးမေးအကောင့်တွေ တစ်ခုထက်ပို ရှိရင် SolMail ကို စမ်းသပ်သုံးကြည့်သင့်ပါတယ်။
Download SolMail from Google Play  or  1Mobile

0 comments:

Post a Comment

 
Top