Chelsea-v-Cardiff-2470628.png
ကာဒစ်ဖ် စီးတီးအသင်းအား ၄ဂိုး၊ ၁ဂိုးဖြင့် အနိုင်ယူခဲ့သည့် ပွဲအပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင် လက်ထောက်နည်းပြ စတိဗ် ဟော်လန်က သရေကျနေချိန် ကာဒစ်ဇ်အသင်း၏ အချိန်ဆွဲမှုကြောင့် ဟိုဆေး မော်ရင်ဟိုမှာ စိတ်ဆိုးခဲ့ရကြောင်း၊ ထိုသို့တစ်ဘက်အသင်းမှ အချိန်ဆွဲနေမှုကို အကြိမ်ကြိမ် စောဒက တက်ခဲ့မှုကြောင့် အထုတ်ခံရခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်..။
ကာဒစ်ဖ်အသင်းမှ ဦးဆောင်ဂိုးကို အီဒင် ဟက်ဇက်က ပြန်လည်ချေပနိုင်ခဲ့ပြီး ပွဲချိန် (၆၆) မိနစ်တွင် ဆမ်မြူရယ် အီတိုးက ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သည်..။ ထိုအချိန်အထိ မော်ရင်ဟိုမှာ ကွင်းဘေးမှ စတုတဒိုင်အား တစ်ဘက်အသင်း၏ မကြာခဏ အချိန်ဆွဲနေမှုကို အကြိမ်ကြိမ် စောဒက တက်ခဲ့သည်..။ တစ်ဘက်အသင်း၏ အချိန်ဆွဲမှုအကြောင်းကို စတိဗ် ဟော်လန်က ယခုလို ရှင်းပြခဲ့သည်..။
“ဟိုဆေးက တစ်ဘက်အသင်းရဲ့ ခဏ၊ ခဏ အချိန်ဆွဲမှုကြောင့် စိတ်ပျက်နေခဲ့တယ်..။ ပွဲစကတည်းက သူတို့ဟာ တည်ကန်ဘောတွေမှာ အချိန်အကြာကြီး ယူနေလေ့ရှိတယ်..။ ဒါကိုကျွန်တော်တို့က စတုတဒိုင်နဲ့ ကွင်းလယ်ဒိုင်တွေကို ယဉ်ယဉ်ကျေးကျေး ရှင်းပြပါတယ်..။ ဒါပေမယ့် သူတို့က ဒါကိုအရေးတယူ ရှိခဲ့ပုံ မရဘူး..။ (၅၆) မိနစ်ရောက်တော့မှ ဂိုးသမားကို အ၀ါကတ်ဒ်ပြပြီး သတိပေးခဲ့တယ်..။
နောက်တော့ ကျွန်တော်တို့ ၂ဂိုး၊ ၁ဂိုးနဲ့ ဦးဆောင်နေချိန်ကျတော့ အခြေအနေက ပြောင်းသွားပြီ..။ အဲဒီအချိန် ကွင်းဘေးထွက်ပေါက်နားမှာ လက်ပစ်ဘော ရတယ်..။ ဘောကောက် ကောင်လေးက သွားယူပြီး အိုင်ဗန်နိုဗစ်ဆီ ပစ်ပေးပေမယ့် မဖမ်းမိခဲ့ဘူး..။ အဲဒါကို အိုင်ဗန်နိုဗစ်က သွားကောက်ပြီး သူ့လက်ထဲမှာ စည်းကမ်းနဲ့အညီ (၂) စကန့်ပဲ ကိုင်ထားတယ်..။ အဲဒါကို ကွင်းလယ်ဒိုင်က ချက်ချင်းလာသတိပေးတယ်..။
ဒါ့ကြောင့် မော်ရင်ဟိုက ကွင်းဘေးကနေ စိတ်ဆိုးရတာပါ.။ ပြီးခဲ့တဲ့ တစ်နာရီလုံးလုံး ကျွန်တော်တို့ စိတ်ပျက်ခဲ့ရပေမယ့် ဒိုင်တွေက အရေးမလုပ်ခဲ့ဘူး..။ ဟိုဆေးက ဒါကိုသွားပြောတဲ့အခါ အထုတ်ခံခဲ့ရတယ်..။ ဆုံးဖြတ်ချက်က ပြင်းထန်တယ်လို့ ထင်ပါတယ်..။ အခုလို စည်းကမ်းနဲ့အညီ (၂) စကန့်အတွင်း ဘောလုံးကို ကွင်းထဲ ပြန်ရောက်အောင် ကစားခဲ့ပေမယ့် စောဒကတက်မိလို့ အနီကတ်ဒ် ပြခံရတာကတော့ စိတ်ပျက်စရာပါပဲ..။”

ပွဲကြည့်စင်မှ ပရိသတ်နှင့်အတူ အသင်းကို အားပေးနေသည့် မော်ရင်ဟို
credit mmchelseafc

0 comments:

Post a Comment

 
Top