184794334
မနေ့ညက ပြင်သစ်နိုင်ငံ၊ မွန်တီကာလိုမြို့တွင် ပြုလုပ်ခဲ့သော ၂၀၁၃ ခုနှစ်အတွက် ရွှေခြေထောက်”Golden Foot Award 2013” ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် ဂါလာတာစာရေးအသင်းသို့ ရောက်ရှိနေသော အိုင်ဗရီကို့စ် တိုက်စစ်မှူး ဒီဒီယာ ဒရော့ဘာက ရရှိသွားခဲ့သည်..။
အဆိုပါ ရွှေခြေထောက်ဆုမှာ အသက် (၂၈) နှစ်အထက် လက်ရှိကစားနေသော ဥရောပလိဂ် ပြိုင်ပွဲဝင် ကစားသမားများအထဲမှ ရွေးချယ်ခြင်းဖြစ်သည်..။ ကစားသမား တစ်ဦးချင်းစီ၏ ခြေစွမ်း၊ အောင်မြင်မှုများ သာမက ကိုယ်ရည်ကိုယ်သွေး၊ အားကစားစိတ်ဓါတ် ပြည့်ဝမှုအပေါ်တို့ကိုလည်း ဆုရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားလေ့ရှိသည်.။ ဆုပေးရာတွင် ကစားသမား တစ်ဦးကို တစ်ကြိမ်ထက်ပိုပြီး ချီးမြှင့်လေ့ မရှိပေ..။
ယခု (၁၁) ကြိမ်မြောက်အဖြစ် ဥရောပတလွှားရှိ အားကစား ကလောင်ရှင်များအား ဆနမဲပေး ရွေးချယ်စေရာ အသက် (၃၅) နှစ်ရှိ ဒီဒီယာ ဒရော့ဘာက မဲအများဆုံး ရရှိခဲ့ခြင်းဖြစ်သည်..။ ပီအက်စ်ဂျီအသင်းမှ ဇာလ်တန် အီဘရာဟင်မိုဗစ်ခ်ျက ၂၀၁၂ ခုနှစ်တွင် ရရှိခဲ့သည်..။ ဒရော့ဘာမှာ အာဖရိက ကစားသမားများအနက်မှ ပထမဦးဆုံး ချီးမြှင့်ခံရသူဖြစ်ပြီး ပရီးမီးယားလိဂ် ကစားသမားများထဲတွင် ဒုတိယမြောက် ချီးမြှင့်ခံရသူလည်း ဖြစ်ခဲ့သည်..။ ပရီးမီးယား ကစားသမားများအနက် မန်ချက်စတာ ယူနိုက်တက်အသင်းမှ ရိုင်ယန် ဂစ်က ၂၀၁၁ ခုနှစ်တွင် ဆုရရှိခဲ့သည်..။
Golden Foot ဆုရရှိခဲ့ဖူးသော ကစားသမားများ စာရင်း
ခုနှစ်
ကစားသမားအမည်
အသင်း
၂၀၀၃
ရော်ဘတ်တို ဘက်ဂီယို
ဘရက်စ်စီယာ (အီတလီ)
၂၀၀၄
ပါဗယ်လ် နက်ဒ်ဗက်ဒ်
ဂျူဗင်တပ်စ် (အီတလီ)
၂၀၀၅
အင်ဒရီ ရှက်ဗ်ချင်ကို
အေစီ မီလန် (အီတလီ)
၂၀၀၆
ရော်နယ်လ်ဒို (ဒိုကြီး)
ရီရဲလ် မက်ဒရစ် (စပိန်)
၂၀၀၇
အလက်ဇန်ဒရို ဒယ်လ်ပီယာရို
ဂျူဗင်တပ်စ် (အီတလီ)
၂၀၀၈
ရော်ဘတ်တို ကားလို့စ်
ဖီနာဘာချီ (တူရကီ)
၂၀၀၉
ရော်နယ်လ်ဒင်ဟို
အေစီ မီလန် (အီတလီ)
၂၀၁၀
ဖရန်စက်စ်ကို တော့တီ
ရိုးမား (အီတလီ)
၂၀၁၁
ရိုင်ယန် ဂစ်
မန်ချက်စတာ ယူနိုက်တက် (အင်္ဂလန်)
၂၀၁၂
ဇာလ်တန် အီဘရာဟင်မိုဗစ်ခ်ျ
ပီအက်စ်ဂျီ (ပြင်သစ်)
၂၀၁၃
ဒီဒီယာ ဒရော့ဘာ
ဂါလာတာစာရေး (တူရကီ)
နှစ်စဉ် ကျင်းပသော အခမ်းအနားတိုင်းတွင် တစ်သက်တာ ထူးချွန်သည့် ကစားသမားများအား ဂုဏ်ထူးဆောင်ဆုအဖြစ် ကစားသမားဟောင်း (၃) ဦးစီအား ရွေးချယ်ချီးမြှင့်လေ့ရှိသည်..။ ယခုနှစ်အတွက် ဂုဏ်ထူးဆောင် ကစားသမားများအဖြစ် ကိုလံဘီယာ လက်ရွေးစင်ဟောင်း ကားလို့စ် ဗယ်လ်ဒါရာမာ၊ အာဂျင်တီးနား လက်ရွေးစင်ဟောင်း အော်စီ အာဒီးလီးစ်နှင့် ပြင်သစ် ရှေ့တန်းတိုက်စစ်မှူးဟောင်း ဂျင်း ပယ်ရီ ပါပင်တို့ အရွေးချယ် ခံခဲ့ရသည်..။
ယခုနှစ်အတွက် ဒရော့ဘာနှင့်အပြိုင် ရွေးချယ်ခဲ့သော ဆန်ကာတင် စာရင်းဝင် ကစားသမားများမှာ
Cristiano Ronaldo (Portugal /Real Madrid), – Andres Iniesta (Spain / Barcelona) – Frank Lampard (England / Chelsea) – David Trezeguet (France / River Plate) – Andrea Pirlo (Italy / Juventus) – Samuel Eto’o (Cameroon / Chelsea) – Iker Casillas (Spain / Real Madrid) – David Beckham (England) – Miroslav Klose (Germany / Lazio).
credit mmchelseafc.com

0 comments:

Post a Comment

 
Top