Latest

00:39 AM IOS 7.1 DOWNLOAD


ယနေ့ည စပိန်ထိပ်သီး နှစ်သင်းပွဲစဉ်မှာ တိုက်စစ်မှုး နေးမား နှင့် ဆန်းချက် တို့၏ လှပတဲ့ သွင်းဂိုးများဖြင့် ဘာစီလိုနာအသင်း အိမ်ကွင်း နှုးကပ်မှာ ရီးရဲလ် မက်ဒရစ်ကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။ အမှတ်ပေးဇယား ကွာဟမှုမရှိစေအတွက် ရီးရဲလ်အသင်းမှ  ဒီယေဂို လိုပက်၊ ပီပီ၊ မာဆယ်လို၊ ဗာရာနီ၊ ကာဗာဂျီ၊ ရာမို့စ်၊ ခါဒီယာ၊ မိုဒရစ်၊ ဘေးလ်၊ ဒီမာရီးယား နှင့် စီရိုနယ်ဒိုတို့ဖြင့် ပွဲထွက်ကစားခဲ့ပြီး၊ ဘာစီလိုနာအသင်းကတော့ ဂို ဗဲဒက်၊ ဒန်နီ အဲလ်ဗက်၊ ပီကွေး၊ မာရှိရာနို၊ ဘက်စကွက်၊ မက်ဆီ၊ ဇာဗီ၊ အင်နီယယ်စတာ၊ ဖာဘရီဂတ် နှင့် နေးမားတို့ဖြင့် လူစုံထုတ်သုံးပြီး အိမ်ကွင်းမှာ အနိုင်ရရှိပြီး ပြိုင်ဘက်ကို အမှတ်ဖြတ်ထားနိုင်ရေး ကြိုးစားကစားလာပါတယ်။
ဘရာဇီးတိုက်စစ်မှုး နေမားက ဘာစီလိုနာအတွက် အဖွင့်ဂိုးကို ၁၉ မိနစ်မှာ နောက်ခံလူ များကြားမှနေ လှလှပပ ကန်သွင်းယူခဲ့ပါသည်။ ပထမပိုင်းတွေမှာ ကမ္ဘာ့တန်ကြေးမြင့် ကစားသမား နှစ်ဦးဖြစ်တဲ့ ရီးရဲလ်မှ ရိုနယ်ဒို နှင့် ဘေးလ်တို့၏ တိုက်စစ်အတွဲက အိမ်ရှင်ကို ဖိအားမပေးနိုင်ခဲ့ပါဘူး၊ ပွဲစဉ်မှာ ဘေးလ်တစ်ယောက် အ၀ါထိခဲ့ပါတယ်။ ဒုတိယပိုင်း ၆၁ မိနစ်မှာဘေးလ်ကို  ဘန်ဇီးမားဖြင့် အစားထိုးလှဲလှယ်ခဲ့ပြီး တိုက်စစ်ကို ပြန်လည် အသက်သွင်းခဲ့ပါတယ်။ ဘန်ဇီးမားဝင်လာပြီးနောက် ရီးရဲလ်အသင်း တိုက်စစ်ကစားအား ပိုမိုကောင်းမွန်လာပြီးတော့ အပိုင်အခွင့်အရေးများလည်း ရရှိခဲ့တာကို တွေ့ရပါတယ်။ အထူးသဖြင့် ၇၁ မိနစ်မှာ ဘီကုပ် စက်ဝိုင်းကနေ လှမ်းကန်ထည့်သည်  ဘန်ဇီးမားက အဝေးကစ်ဘောလုံးဟာ တိုင်ထိ မထွက်ဘဲ ပိုက်နဲ့ တိုးခဲ့မည် ဆိုပါက ရီးရဲလ်အသင်း ယနေ့ညပွဲချိန်မှာ ရလဒ်တစ်မျိုးတစ်ဖုံကို ဖန်တီးရယူနိုင်လိမ့်မည်ဟု သုံးသပ်မိပါတယ်။

နေမား နှင့် မက်ဆီ တိုက်စစ်တွဲကတော့ ယနေ့ညမှာ ရီးရဲလ်နောက်တန်းကို အတော့်ကို ချိန်းခြောက်ကစားနိုင်ခဲ့ပါတယ်။ ဘာကာအတွက်အနိုင်သေချာစေမည့် အဆုံးအဖြတ်ဂိုးကိုတော့ မိနစ် ၇၀ မှာ ဖာဘရီဂတ် နေရာမှာ လူစားဝင်ရောက်ကစားလာတဲ့ ဆန်းချက်ဘဲဖြစ်ပါတယ်။ သပ်ရပ်လှပစွာဖြင့် ရှေ့ အနည်းငယ်ရောက်နေတဲ့ လိုပက်ကို အသာအယာကျော်ချပြီး သွင်းယူသွားတာကြောင့် အကောင်းဆုံး ဂိုးတစ်ဂိုးဖြစ်ခဲ့ရပါတယ်။ ဒီနောက်မှာ ရီးရဲလ်အသင်း ချေပဂိုးရရှိရေး ပြန်လည်ဖိကစားလာသော်လည်း အဆုံးသတ်အားနည်းမှုများကြောင့် ချေပဂိုးရရှိရေး ခက်ခဲနေပြီး၊ မိနစ် (၉၀) မှာမှ စီရိုနယ်ုဒို တောင်ပံ့မှ ချပေးသည့်ဘောလုံးကို  ရှေ့မှာရှိနေတဲ့ တိုက်စစ်မှုး ရိုဒရီကွက် ကအသာထိန်းပြီး ကန်သွင်းယူနိုင်ခဲ့ပါတယ်။ ချေပဂိုးတစ်ဂိုး ပြန်သွင်းယူနိုင်ချိန်က နောက်ကျနေခြင်း နှင့်ဘာကာခံစစ်ကို ထင်သလောက်မထိုး ဖောက်နိုင်ခြင်းတို့က ရီးရဲလ်အသင်းကို ရှုံးပွဲတွေ့စေခဲ့တာပါ။

ဒါကြောင့် ပွဲအပြီးမှာ ဘာစီလိုနာအသင်းက ရီးရဲလ်အသင်းကို အနိုင်ရရှိခဲ့ပြီး ဇယားထိပ်မှာ ရပ်တည်မြဲဖြစ်ခဲ့ရပါတယ်။ ဘာစီလိုနာာအသင်းသည် ယခုရာသီတွင် ရှုံးပွဲမရှိ စံချိန်ဆက်တင်ခဲ့ပြီး၊ ရီးရဲလ်အသင်း ကို ၆ မှတ်တိတိ  ဖြတ်ထားနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ လက်ရှိအခြေအနေအရ ၁၀ ပွဲကစားအပြီး ရမှတ် ၂၈ မှတ်ဖြင့် လာလီဂါဖလားရရှိရေး အတွက် အရှိန်ကောင်းတွေ ဖြစ်တည်ခဲ့ရပါတယ်။
Written by မိုးတိမ် (တမာမြေ) 

Barcelona vs Real Madrid (2-1) All Goals & Highlights

26 Oct 2013

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top