Mazda ကုမ္ပဏီမှာ ၁၉၉၅ ခုနှစ်ကစလို့ သက္ကရာဇ် ၂ဝဝဝ ခုနှစ်အထိ လုပ်ကိုင်ခဲ့ပြီး BMW ကို ပြောင်းရွှေ့ခဲ့ပါတယ်။
၁၂ နှစ်ကျော် BMW မှာ လုပ်ကိုင်ပြီးနောက် အရင်က လုပ်ခဲ့တဲ့ Mazda ကို ဒီဇိုင်နာ Kevin Rice ပြန်ပြောင်းပြီ ဖြစ်ကြောင်း သိရပါတယ်။
ဗြိတိန်ကျွန်းမှာရှိတဲ့Conventry University မှာ Transportation Design
program အထူးပြုလို့ဘွဲ့ရခဲ့သူ ဖြစ်ပြီး မော်တော်ယာဉ် ဒီဇိုင်းလောကို
ဝင်ခဲ့တာ ၁၉၉ဝ ကျော်တွေကတည်းက ဖြစ်ပါတယ်။
အဲ့တုန်းက ဂျာမနီနဲ့ အီတလီတွေမှာ ရှိတဲ့ကားကုမ္ပဏီတွေမှာ လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းကျတော့ဂျပန် Mazda ကိုပြောင်းခဲ့ပါတယ်။
မာဇဒါမှာ လုပ်ကိုင်နေစဉ် Concept ကား ၄ စီးမက ဖန်တီးပေးနိုင်ခဲ့ပြီး ကုမ္ပဏီက အထူးအားထား ရတဲ့ဒီဇိုင်နာ တစ်ဦး ဖြစ်ခဲ့ပါတယ်။
ပြီးတော့အကြောင်းအမျိုးမျိုးကြောင့် ကုမ္ပဏီကို စွန့်ခွာပြီး ဂျာမနီ BMW
ကုမ္ပဏီကို ပြောင်းရွှေ့ လုပ်ကိုင်ခဲ့ပါတယ်။ ယခုတော့ Mazda ကို ပြန်လည်
ရောက်ရှိ လာပါပြီ။
ရာထူးကလည်း အရင်လို ဒီဇိုင်နာ မဟုတ်တော့ပါဘူး။ Creative Director ဆိုတဲ့ရာထူးနဲ့ လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။
ဂျာမနီမှာပဲ သူ့ရဲ့Team ကို ဦးဆောင်လို့ Mazda အတွက် လုပ်ကိုင်ရမှာပါ။
Kevin Rice ဟာလည်း ကမ္ဘာ့ မော်တော်ယာဉ် လောကမှာ လူအများ လေးစားတဲ့ပညာရှင် တစ်ဦး ဖြစ်ကြောင်း သိရပါတယ်။
.
Ref: autoblog
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment