ယခုတစ်ချို့ Apple jailbreak သမားတွေမှာ cydia ထဲဝင်လိုက်ရင် ပုံ 1 - 2 - 3 ကဲ့သို့ ပြနေကြတဲ့လူတွေ ရှိကြပါလိမ့်မယ် ။  


မိမိဖုန်းထဲက Cydia ထဲကို ဝင်ကြည့်ကြည့်လိုက်ပါ ။

ကျနော့်ဖုန်း Cydia ဝင်ကြည့်လိုက်တယ် Loding... ခဏပြပြီး Database ခေါင်းစဉ်နဲ့ Return to Cydia ပေါ်လာတယ် ။
ပြီးရင် Manage ထဲဝင်ကြည့်လိုက်ရင် Repo လင့်တွေ အကုန်ရှိတယ် Repo တွေထဲကိုဝင်ကြည့်လိုက်တော့ tweaks App တွေဘာမှမရှိတော့ဘူး ။
ဖုန်းထဲမှာ Cydia ထဲကထည့်ထားတဲ့ tweaks App ဖက်ရှင်တွေကတော့ အကုန်အလုပ်လုပ်သေးတယ် ။

သူစာရေးထားတာ Bigboss ထဲမှာ ပြသနာရှိနေပါတယ်ဆိုပြီး Delete လုပ်ခိုင်းနေတာပါ ။ အဲတာသူပြောတာဖျက်ပေးလိုက်ရင် ရပါပြီ ။

အဲတာကို ဖြေရှင်းနည်းကတော့ iFile ဆော့ဝဲရဲ့ရှေ့ဆုံးမျက်နှာစာက Var ထဲဝင်လိုက်ပါ
အဲကနေတစ်ဆင့်ခြင်း ဝင်သွားပါ lib >>> apt >>> lists >>> အဲ့ထဲရောက်ပြီဆိုရင်
ပုံ 4 ထဲက ပြထားတဲ့ apt.thebigboss...OS-arm_Packages ဆိုတဲ့ ဒေတာလေးကို Delete လုပ်ဖြစ်လိုက်ပါ ။
ဒါဆိုရသွားပါပြီ ။ Cydia ထဲဝင်ကြည့်လိုက်ပါ အရင်လိုပုံမှန်ပြန်ဖြစ်သွားပါပြီ :)

အထဲမှာနာမည်တူဖြစ်ပြီး နောက်ပိတ်မှာ ed ပါတဲ့ ဒေတာလေးကို မှားမဖျက်မိအောင် ကျနော်ဝိုင်းပြထားပါတယ် ။

အားလုံးပဲ အဆင်ပြေကြပါစေ.... :)

Post By : Djjoe Man (MMF)

0 comments:

Post a Comment

 
Top