အခုချိန်မှာ iPhone 5s တွေမှာ fingerprint နဲ့ lock screen လေးတွေပါလာတော့ android သမားတွေက မျက်နှာငယ်သလို ခံစားရမှာပေါ့နော်။ အဲ့ဒီအတွက်တော့ဘာမှ မျက်နှာငယ်စရာမလိုအောင် Finger print lock screen apk လေးကို တင်ပေးလိုက်ပါတယ်။ ပန်းသီလောက်ကတော့ စက်ရုပ်က ပျင်းတာပေါ့နော်။ :P စတာပါနော်။ တော်ကြာ ပန်းသီပရိသတ်တွေ ကျွန်တော့်ကို သတ်နေပါအုံးမယ်။ 

 ဒီ application လေးရဲ့  Animation ပိုင်းနဲ့ graphics ပိုင်းကို အကောင်းဆုံးဖန်တီးထားတာကိုတွေ့ရပါတယ်။ ရုပ်ထွက်မွန်တဲ့အတွက်ကြောင့် 
HD smartphone နဲ့ tablets တွေမှာတော့အကောင်းဆုံး ရုပ်ထွက်နဲ့တွေ့မြင်နိုင်ပါတယ်။ ဒီ application လေးက beep အသံနဲ့ vibration နဲ့ပေါင်းစပ်ပြီး lock အနေနဲ့ထားရှိတာဖြစ်တာကြောင့် setting ထဲမှာ ကြိုက်သလို ပြုပြင်ပြောင်းလဲနိုင်ပါတယ်။ 
Beep အသံ ဘယ်နှစ်ချက်ထားမယ်၊ ဒါမှမဟုတ် vibration ဘယ်နှစ်ချက်ထားမှ lock ပြန်ပွင့်မယ်ဆိုတာတွေကို customize လုပ်နိုင်ပါသေးတယ်။ 
Beep အသံကို ဖျောက်ပြီး vibration ကိုပဲ သီးသန့်ထားနိုင်သလို၊ Vibration ကိုဖြုတ်ပြီး Beep အသံကိုပဲသီးသန့်ထားပြီး lock ဖွင့်နိုင်ပါတယ်။ 
ကိုယ်စိတ်ကြိုက်ဖြစ်တာကြောင့် ကိုယ့်အပေါ်မှာပဲမူတည်ပါတယ်။ ဒီ application ကို ကျွမ်းကျွမ်းကျင်ကျင်သုံးချင်ရင်တော့ application ရဲ့
setting ကို ၀င်မွှေနိုင်မှ အဆင်ပြေနိုင်မယ်နော်။ ဘာမှမခက်ပါဘူး။ လုပ်ကြည့်ပါ။ ဒီ application လေးကို android version 2.2 နဲ့အထက်မှာဆိုရင် အသုံးပြုနိုင်ပါတယ်။ 


အောက်က link တွေကနေ download လုပ်နိုင်ပါတယ်။

0 comments:

Post a Comment

 
Top