ပြီးခဲ့သည့်
တနင်္ဂနွေနေ့က ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင်ကျင်းပပြုလုပ်ခဲ့သော
ပဲရစ်မာစတာတင်းနစ်ပြိုင်ပွဲ၏အမျိုးသားဗိုလ်လုပွဲတွင်
ဆားဘီးယားတင်းနစ်သမားနိုဗက်ဂျိုကိုဗစ်ကလက်ရှိချန်ပီယံစပိန်နိုင်ငံသားဒေးဗစ်
ဖာရားကို (၇-၅)(၇-၅)ဖြင့်အနိုင်ရရှိကာ ဗိုလ်စွဲသွားခဲ့ပြီဖြစ်သည်။
ထိုသို့ဗိုလ်စွဲခဲ့ခြင်းမှာဂျိုကိုဗစ်အတွက် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက
ဘေဂျင်းမာစတာနှင့်ရှန်ဟိုင်းမာစတာများတွင် ချန်ပီယံဖြစ်ခဲ့ပြီး
တတိယမြောက်မာစတာချန်ပီယံဘွဲ့ကို သုံးပွဲဆက်ရရှိခဲ့ခြင်းလည်း ဖြစ်သည်။
ဂျိုကိုဗစ်မှာ ထိုသို့မာစတာ
ပြိုင်ပွဲ(၃)ပွဲဆက်ချန်ပီယံဖြစ်ခြင်းမျိုးကို၂၀၁၁ခုနှစ်အတွင်းကလည်း ရောမ၊
မက်ဒရစ်နှင့် မွန်ထရီရယ်မာစတာ ပြိုင်ပွဲများတွင် ဆက်တိုက်ချန်ပီယံဖြစ်ပြီး
ရရှိခဲ့ဖူးသေးသည်။“ ပွဲစကတည်းက အမှတ်တွေရဖို့အတွက်
အသည်းအသန်ကြိုးစားရမယ်ဆိုတာကျွန်တော်သိထားပါတယ်။ သူက
ကျွန်တော့ကိုအမှတ်တွေအလကားပေးမယ့်သူမဟုတ်ပါဘူး။
ဘောလုံးဘယ်နေရာရောက်ရောက်လိုက်ဆယ်မယ့်သူမျိုးဗျ။
သူကပြိုင်ဘက်ကောင်းတစ်ယောက်ဖြစ်ပြီးအလေးစားရဆုံးတစ်ယောက်တည်းမှာလည်းပါ
ပါတယ်။ အရမ်းကြိုးစားတတ်ပေမယ့် နှိမ့်ချနေထိုင်တတ်သလို
ဆက်ဆံရေးကောင်းတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ဒီနှစ်နွေကတော့
အတက်အကျတွေများခဲ့တယ်။ အခုဆိုရင်အမြင့်ဆုံးဆိုတဲ့အခြေအနေနဲ့ ကစား နေပါပြီ။
ယုံကြည်မှုတွေလည်းတအားမြင့်မားနေပါပြီ”ဟု ပဲရစ်မာစတာချန်ပီယံ
နိုဗက်ဂျိုကိုဗစ်ကပြောခဲ့သည်။

Home
»
Sport
» လက်ရှိချန်ပီယံ ဒေးဗစ်ဖာရားကို အနိုင်ယူပြီး ပဲရစ်မာစတာချန်ပီယံဘွဲ့ကို ဂျိုကိုဗစ်လွဲပြောင်းရယူခဲ့
Related Posts
တိုက်ကွမ်ဒို အမြင့်ဆုံးအဆင့် ပညာရှင်ဖြစ်လာသည့် ရုရှားသမ္မတ
15 Nov 20130ပူတင်သည် တိုက်ကွမ်ဒို တိုက်ခိုက်ရေးပညာရပ်၏ ခါးပတ်နက်တွင် အမြင့်ဆုံးအဖြစ် နဝမမြောက်ဒီဂရီ (9...Read more »
စံချိန်တင်ဝင်ငွေကြောင့် ဘိုင်ယန်ဥက္ကဌ၀မ်းသာမျက်ရည်ကျ
14 Nov 20130လာမယ့်နှစ်ကျရင် အခွန်တရားရေး ရင်ဆိုင်ရမယ့် ဘိုင်ယန်မြူးနစ်ဥက္ကဌ အူလီဟိုးနက်စ်ဟာ ကလပ်သမိုင်း ၁၁...Read more »
ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက် စီရော်နယ်ဒိုက မက်ဆီထက် အနည်းငယ် အလေးသာသည်ဟု ယူဆကြောင်း အာဆင်ဝင်းဂါးဆို
12 Nov 20130ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆုချီးမြင့်ပွဲကို လာမည့် ဇန်န၀ါရီလ (၁၃) ရက်နေ့တွင် ကျဉ်း...Read more »
အိုးထရက်ဖို့ဒ်မှာ အရေးပါသည့် အနိုင်ရလာဒ် ရယူနိုင်ခဲ့သည့် မန်ယူနိုက်တက်။ (မန်ယူ ၁-၀ အာဆင်နယ်)
10 Nov 20130ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ ရဲ့ စူပါ ဆန်းဒေး ပွဲစဉ်အဖြစ် မန်ချက်စတာယူနိ...Read more »
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.