Lamborghini တို့ အသစ်မိတ်ဆက်လိုက်ပြီ ဖြစ်တဲ့ Veneno အမိုးပွင့်ပြိုင်ကား
Lamborghini Veneno Coupe ကို ယခု နှစ်ဆန်းပိုင်းကတည်းက ထုတ်ဖော် ပြသ ထားပါတယ်။ ယခု Veneno အမိုးပွင့် Roadster ကိုတော့အောက်တိုဘာလ ၂ဝ ရက်နေ့ကမှ မိတ်ဆက်ပြသ လိုက် တာ ဖြစ်ပါတယ်။
သာမန် Lamborghini ပြိုင်ကားများထပ် ဈေး ၁ဝ ဆ ကြီးတဲ့ပြိုင်ကား အဖြစ် ဈေးနှုန်းမှာတင် ပထမဦးဆုံး စံချိန် တင်ပါတယ်။ အင်ဂျင်အရွယ် ၆.၅ လီတာ၊ ဆလင်ဒါ ၁၂ လုံးပူး V အင်ဂျင်ကို အသုံးပြု ထားပြီး တစ်နာရီ မောင်းနှင်နိုင်မှု အမြန်ဆုံးက မိုင် ၂၂ဝ တောင် ရှိပါတယ်။ ကမ္ဘာ့အမြန်ဆုံး အမိုးပွင့်ပြိုင်ကား စာရင်းထဲမှာ Bugatti ပြီးရင် ဒုတိယ မြောက် တစ်စီး ဖြစ်လာမယ်လို့ယုံကြည် ထားကြ ပါတယ်။ ၂.၉ စက္ကန့် အတွင်း တစ်နာရီ ၆၂ မိုင်နှုန်းကို ချက်ချင်းတင်နိုင်တဲ့သူ့ရဲ့စွမ်းဆောင်ရည်ကို တွေ့ရ ပါတယ်။
ကားရဲ့တန်ဖိုးလည်း မနည်းပါဘူး။ အမေရိကန်ဒေါ်လာ ၄.၅ သန်း ရှိပြီး လက်ရှိ Lambo များထပ် ၁ဝ ဆ ဈေးကြီးတာကို လူတိုင်း လက်ခံထားကြ ပါတယ်။ ဈေးလည်း ကြီးထိုက်တဲ့ကားအဖြစ်လည်း ပြောစမတ် ပြုကြ ပါတယ်။ သူ့ရဲ့ထူးခြားတဲ့အသွင်အပြင် ဒီဇိုင်းက ထွက်ရှိနေကျ Lamborghini ကားများထပ် သိသိသာသာ ထူးခြားနေပြီး Aventador ကိုခေတ်နောက်ကျသွားစေမယ့် မျိုးဆက်သစ် အဖြစ် ညွန်းဆိုထားကြ ပါတယ်။ အစီးရေ နည်းနည်းသာ ထုတ်လုပ်ထားပြီး အော်ဒါမှာ ဝယ် ယူနိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။
...
Ref: autoblog
Colay.Automobile
0 comments:
Post a Comment