အင်္ဂလန် Land Rover မှ ထုတ်လုပ်တဲ့Range Rover ကားများ ကိုတော့တော်တော်များများ သိကြပါတယ်။

မြန်မာပြည်လမ်းပေါ်မှာလည်း Range Rover SUV ကားကြီးများ ကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဂျပန်လေလံမှ အများစုဝင်တဲ့ကားတွေ ဖြစ် ပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ကားမျိုးတော့မရှိသေးပါဘူး။ ၂ဝ၁၄ ခုနှစ်မှ ဈေးကွက်ရောက်နိုင်ချေ ရှိတဲ့ကားမျိုး ဖြစ်ပါတယ်။ ပုံမှန် မြင်နေကျ Range Rover လို မဟုတ်တော့ပဲ အမိုးဖွင့် SUV ဖြစ်နေတာ ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

၂ဝ၁၂ ခုနှစ်အတွင်း အစီးရေ ၃ သိန်း ရောင်းချနိုင်တဲ့တဲ့Range Rover ကို ၂ဝ၁၃ မှာ စံချိန်သစ် ချိုးမယ်လို့လည်း ယုံကြည်နေပါတယ်။ ၂ဝ၁၄ ခုနှစ် ထွက်ရှိမယ့် အမိုးပွင့်ကားဟာလည်း အစီးရေ အများအပြား ရောင်းချရမှု အတွက် အထောက်အပံ့ပေးမယ့် ဒီဇိုင်းဖြစ်တယ်လို့ယုံကြည် ထားကြကြောင်း သိရပါတယ်။

...
Ref:autoblog
Colay.Automobile

0 comments:

Post a Comment

 
Top