အီတလီ ဇိမ်ခံပြိုင်ကား ထုတ်လုပ်သည့် ကုမ္မဏီဖြစ်တဲ့Lamborghini မှ ပြိုင်စက်ဘီး ထုတ်လုပ် ထားပါတယ်။ စက်ဘီး ဒီဇိုင်းကို ယခုနှစ် ဧပြီ လကတည်းက ပွဲထုတ်ပြသပြီးသား ဖြစ်ပါတယ်။

စက်ဘီးကို Lamborghini Aventador ပြိုင်ကား family ထဲထည့်သွင်းထားပြီး Aventador နဲ့လိုက်ဖက်အောင် တီထွင် ထုတ်လုပ်ထားပါတယ်။ ကာဘွန်ဖိုက်ဘာ သတ္တုနဲ့ဖရိန်တည်ဆောက်ပြီး ဂီယာ ratio ခိုင်ခိုင်၊ စွမ်းဆောင်ရည်ကောင်းတဲ့တာယာတို့နဲ့တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။

60 mm ရှိတဲ့MAVIC Cosmic aero wheel ကိုအသုံးပြုထားပြီး လက်ကိုင်ကို ဆိတ်သားရေ အနုစားနဲ့ဖုံးအုပ်ထားပါတယ်။ လိမ္မော်ရောင်နဲ့အနက်ရောင်နှစ်မျိုးရော နည်းပညာအဆင့်မြင့် Lamborghini ပြိုင်စက်ဘီး ကို အစီးရေ ၃ဝ သာထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ဈေးနှုန်းဟာ အမေရိကန်ဒေါ်လာ ၂၆၃ဝဝ တန်ဖိုးရှိတယ်လို့သိရပါတယ်။ စက်ဘီးဈေးကွက်ထဲကို Lamborghini တင်မကပဲ Mercedes Benz တို့လို အခြား နာမည်ကြီး ကားထုတ်လုပ်ရေး ကုမ္မဏီတွေပါ စက်ဘီးထုတ်လုပ်ရေးဘက်ကို ဦးတည်လာ တာကို တွေ့ရပါတယ်။

...
Ref:lamborghini
Colay.Automobile 

0 comments:

Post a Comment

 
Top