Enzo Ferrari ထုတ်လုပ်မှုကို ရပ်တန့်ြ့ပီး အီတလီ Ferrari မှ အသစ် ထုတ် မယ့် မော်ဒယ်သစ်၊ Generation သစ်ကားတစ်မျိုး ဖြစ် ပါတယ်။ LaFerrari လို့ပဲ အမည်ပေးထားပါတယ်။ Ferrari ရဲ့ပထမဆုံး ဟိုင်းဘရစ်ပြိုင်ကားလည်း ဖြစ်ပါတယ်။ ကမ္ဘာကျော် ဘောလုံးသမား တစ်ဦး ဖြစ်တဲ့စီရော်နယ်ဒိုဟာ ယင်း ပြိုင်ကားကို ပိုင်ဆိုင်သူ လူဦးရေ နည်းထဲက တစ်ဦး ဖြစ်လာမှာပါ။-

အကြောင်းကတော့၄၉၉ စီးထဲ ထုတ်တဲ့ယင်းပြိုင်ကားကို လူတိုင်း ဝယ်ယူခွင့် ပေးမထားသေးလို့ဖြစ်ပါတယ်။ လက်ရှိ အီတလီ Ferrari ရဲ့မော်ဒယ် မတူ ပြိုင်ကား ၅ စီးအနည်းဆုံး ပိုင်ဆိုင်ထားသူများသာ ဝယ်ယူခွင့် ပေးမယ့်ကား ဖြစ်ပါတယ်။ ဒီအထဲမှာ စီရော်နယ်ဒိုတစ်ယောက် ပါဝင်လာပြီဆိုတော့သူ့ဆီမှာ Ferrari ပြိုင်ကား အစီးရေ များများ ပိုင်ထားတယ်လို့ပြောလိုက်တဲ့အတူတူပါပဲ။ Laferri ဟာ ကာလတန်ဖိုးအားဖြင့် ဗြိတိန်ပေါင် ၈၃ဝဝဝဝ နဲ့ရောင်းချတဲ့ကား ဖြစ်ပါတယ်။-

ဒီဇီုင်းကတော့Ferrari တွေထဲမှာ ခေတ်ရှေ့အပြေးဆုံးပါပဲ။ အင်ဂျင် ပါဝါ ၆၆ဝဝ စီစီ၊ လျှပ်စစ်မော်တာ ၁၇ဝ ကီလိုဝပ်ထုတ်လုပ်နိုင်ပြီး ပါဝါ နှစ်မျိုးပေါင်း မောင်းတဲ့အခါ တစ်နာရီ ၂၁ရ မိုင်တောင် ပြေးနိုင်ပါတယ်။ ၃ စက္ကန့်မပြည့်ခင်မှာတင် တစ်နာရီ ၆၂ မိုင်နှုန်းမြင့်အောင် Start Acceleration ကောင်းတဲ့ကားတစ်စီးပါ။ ၄၉၉ စီးကို စီရော်နယ်ဒိုအပြင် အခြားနာမည်ကြီး အားကစားသမားများလည်း မှာယူလျက် ရှိကြောင်း သိရ ပါတယ်။-
.
Ref: autoblog

0 comments:

Post a Comment

 
Top