Nicki Minaj နဲ့ Lamborghini
နီကီမီနတ်ဆိုတာ အမေရိကန်က လူမည်း ရပ်ပါ အဆိုတော တစ်ဦး ဖြစ်ပြီး လက်ရှိ အအောင်မြင်ဆုံး အမျိုးသမီး Hip Hop အဆိုတော် ၁ဝ ဦးစာရင်း ထဲမှာ ပါဝင် ပါတယ်။ အသက် ၃ဝ ကျော်ရှိပါပြီ။
နီကီမီနတ်ကို အများစု သတိထားမိတာကတော့သူမရဲ့ထွားကြိုက်တဲ့Body Structure ကြောင့်လည်း ပါဝင် ပါတယ်။ ပုရသ ယောင်္ကျားတို့အပေါ် စွဲဆောင်မှု အပြည့်ရှိတဲ့Nicki Minaj ဟာ ငယ်ငယ်လေး ကတည်းက အနုပညာ သွေးပါလာသူ ဖြစ်ပါတယ်။ အနုပညာဘက်မှာ အောင်မြင် မှုကြောင့် ကြော်ငြာရိုက်ကူးခြင်းနဲ့ဖက်ရှင်ပိုင်းဘက်မှာပါ အောင်မြင်ခဲ့ပြီး လက်ရှိမှာလည်း ကုမ္မဏီများစွာနဲ့စာချုပ်ချုပ်ထားပါတယ်။ ပုံမှာ မြင်တွေ့နေ ရတာကတော့လော့အိမ်ဂျလစ်မြို့က ဖက်ရှင်ဆိုင် တစ်ခု ဖွင့်ပွဲမှာ ဖြစ် ပါတယ်။ ပွဲ အတွက် ဖိတ်ကြားခံရလို့သွားရောက်ခဲ့ပြီး သူမရဲ့ပန်းရောင် Lamborghini ကိုထည်း ထုတ်ဖော်ကြွားဝါခဲ့ပါတယ်။
ငွေကြေးအရ ချမ်းသာမှုကြောင့် လက်ရှိမှာ ကားအစီးအရေ မြောက်များစွာ ပိုင်ဆိုင်ထားသူ တစ်ယောက်ပါ။ ပန်းရောင် ပြန်လည် ချယ်သ ထားတဲ့သူမရဲ့ကားဟာ Lamborghini Aventador Roadster ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့အထက်မှာ ကုန်ကျမယ့်ကား ဖြစ်ပါ တယ်။ ပြိုင်ကားဘေးမှာ Post ပေးနေတဲ့Nicki ကို ယခုလို မြင်တွေ့ရပါတယ်။
...
Ref: celebritycars
Colay.Automoible






0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.