အမေရိကန်ဒေါ်လာ ၅ သိန်းနဲ့ရောင်းချတဲ့၂ဝ၁၃ မော်ဒယ် Lexus LFA ဖြစ်ပါတယ်။ အင်ဂျင်ပါဝါ ၅ဝဝဝ စီစီ ဆလင်ဒါ ၁ဝ လုံးပူး မြန်နှုန်းမြင့် စူပါကား ဖြစ်ပါတယ်။

ဂျပန်အခြေဆိုက် တိုယိုတာ ကုမ္မဏီမှ ထုတ်လုပ်ပြီး အမေရိက ဈေးကွက်ကို အဓိက ရည်ရွယ်တဲ့ပြိုင်ကား ဖြစ်ပါတယ်။ ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာက စထုတ်ပြီး ၂ဝ၁၂ ဒီဇင်ဘာမှ အဆုံးသတ်ထားပါတယ်။ ဒါကြောင့် ၂ဝ၁၃ မော်ဒယ်အထိပဲ မြင်တွေ့နေရသေးတာ ဖြစ်ပါတယ်။ တစ်နာရီမိုင် ၂၂ဝ အထက်မောင်းနှင်နိုင်ပြီး ကမ္ဘာ့အမြန်ဆုံး ကားစာရင်းထဲမှာလည်း ပါဝင်ပါတယ်။ Lexus ဇိမ်ခံကား Brand သီးသန့်ထုတ်တဲ့Toyota ရဲ့Division ခွဲတစ်ခုမှာ ယခုလို ပြိုင်ကားထုတ်လုပ်မှုကလည်း လူသိများပါတယ်။

အီတလီ Ferrari ကားများနဲ့ဈေးမတိမ်းမယိမ်းရှိပြီး အမေရိကန်မှာ ၂ဝ၁၃ အတွက် မာကဲတင်းစဆင်းနေပါပြီ။ အရောင်အသွေးမျိုးစုံတဲ့Lexus ဒီဇိုင်းလှ ပြိုင်ကားများကို အိမ်အရောက်ပို့ဝန်ဆောင်မှု စနစ်နဲ့ရောင်းချပေး လျက် ရှိကြောင်း သိရပါတယ်။

#Commercial Movie

0 comments:

Post a Comment

 
Top