Archos
brand တစ်မျိုးဖြစ်တဲ့ Android Tablet အသစ်တစ်မျိုးကို
မိတ်ဆက်ပေးလိုက်ပါတယ်။ Screen size က 10.1 လက်မ ရှိပြီး၊ screen resolution
ကတော့ 1280 x 800 IPS display ဖြစ်ပါ တယ်။ ထူးခြားချက်ကတော့ keyboard ကို
tablet ကိုယ်ထည်ရဲ့ သတ္တုဘားတွေကို သံလိုက် ဓါတ် အသုံးပြုပြီး coverboard
အနေနဲ့ထားရှိတာကတော့ Archos Tablet ရဲ့အားသာချက်ဖြစ်ပါတယ်။
Processor ကိုတော့ Quad- Core Cortex A9 CPU clocked မှာ 1.6 GHz speed အသုံးပြုထားပြီး Mali 400 GPU ရှိပါတယ်။ Memory အနေနဲ့ကတော့ RAM 2 GB နဲ့ 16 GB internal storage ပါရှိပြီး micro SD card လည်းထပ်စိုက်နိုင်ပါတယ်။ Tablet ရဲ့ အတွင်းဘက် camera ကတော့ 2 megapixel ပါရှိပါတယ်။ Tablet တစ်ခု လုံးကို အသုံးပြုထားတဲ့ OS ကတော့ Jelly Bean version 4.2 ပဲဖြစ်ပါတယ်။
ဒီ Archos 101 XS 2 ကို December လကုန်လောက်ကျရင် UK မှာ ပေါင် 249.99£ နဲ့ရောင်းချပေးသွာ မှာဖြစ်ပါတယ်။
Ref : Arena
Aung Ko Htet

0 comments:
Post a Comment