ကယ်လီဖိုးနီးယား
အင်ဂျင်နီယာ ကုမ္ပဏီတစ်ခုက 3D ပရင်တာဖြင့် သေနတ်အစစ်ကို ထုတ်နိုင်ခဲ့ပြီး
စမ်းသပ် ပစ်ခတ်ခဲ့သည့် အခါတွင်လည်း ပစ်မှတ်ကို ကွက်တိ ထိမှန်ကြောင်း
ဖော်ပြသည့် ဗီဒီယိုဖိုင်တစ်ခု ထွက်လာသည်။
ဗီဒီယိုဖိုင် တွင် ယခုစမ်းသပ် ထုတ်လုပ်သူများက သူတို့၏ သေနတ်ကို
ကိုက်၃၀အကွာမှ အချက်၅၀ ပစ်ခတ် စမ်းသပ်ခဲ့ရာ အောင်မြင်မှု အပြည့်အဝ
ရှိသည်ကိုတွေ့ရကြောင်း ပြောကြားထားသည်။
ယခု သေနတ်သည် 3D ပရင်တာဖြင့် ထုတ်သော သီးခြားအစိတ်အပိုင်း ၃၀ကျော် ပေါင်းစပ်ထားသည်။
အထူးသဖြင့် အဓိက အစိတ်အပိုင်းများကို သံမဏိနှင့် အခြားသတ္တုများဖြင့် ထုတ်လုပ်ထားသည်။
Solid Concepts ဟု အမည်ရသည့် ကုမ္ပဏီသည် 3D ပရင်တာနှင့်ထုတ်သော
ပစ္စည်းများတွင် ကမ္ဘာ့ပထမဆုံး ၀န်ဆောင် မှုပေးနေသော အဖွဲ့ဖြစ်သည်။ သူတို့က
၁၉၁၁ လက်ကိုင်သေနတ်သည် ဈေးချိုမည် မဟုတ်ဟု ဆို၏။
ကုမ္ပဏီမှ
ဒုတိယဥက္ကဌ ကန့်ဖိုင်းယားစတုန်းက 3D ပရင်တာထုတ် ပစ္စည်းများ လက်တွေ့ဆန်ပြီး
အသုံးချနိုင်စွမ်းမြင့်ရန် ကြိုးပမ်းနေကြောင်း၊ သူတို့၏ ထုတ်လုပ်မှုအတွက်
လူထု၏ အမြင်များ ပြောင်းလဲလာအောင် ကြိုးပမ်းရဦးမည် ဖြစ်ကြောင်း ဆိုသည်။
ဖိုင်းယားစတုန်းက သူတို့၏ အင်ဂျင်နီယာများသည် 3D ပရင်တာ နည်းပညာတွင်
ကျွမ်းကျင်သူများဖြစ်ပြီး၊ ယခုကဲ့သို့ သော လုပ်ငန်းများနှင့် အသင့်တော်ဆုံး
သူများဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် 3D ပရင်တာဖြင့် ထုတ်သော သေနတ်များ
ထွက်နေသော်လည်း သတ္တုဖြစ်ပစ္စည်းများ မဟုတ်သလို အသုံးပြုခွင့်၊
ရောင်းချခွင့်များ ပိတ်ထားကြောင်း သူက ဆိုသည်။
ယခုနှစ်
နှစ်ဆန်းပိုင်းက လူတိုင်း ကိုယ်တိုင် ထုတ်လုပ်နိုင်သည့် တစ်ချက်ပစ်
သေနတ်လုပ်နည်း ကွန်ပျူတာဖိုင်များကို Defence Distributed ၀က်ဘ်ဆိုက်
Open-source အဖြစ် တင်ခဲ့ရာ download ချသည့် အကြိမ်အရေအတွက် တစ်သိန်း
ကျော်ခဲ့ရှိခဲ့သည်။
ပြီးခဲ့သည့် မေလတွင် ပြည်ထဲရေးဝန်ကြီးက
သေနတ်ထုတ်သည့် အသေးစိတ်ပုံစံကို အင်တာနက်မှ ဖယ်ရှားခဲ့သော်လည်း
သုံးစွဲသူများက အခြားသော ဖိုင်ဝေမျှသည့် ဆိုက်များမှ တင်နိုင်သေးသည်ဟု
တုန့်ပြန်ထား ကြသည်။
ယခု Solid Concepts ကုမ္ပဏီကမူ သူတို့၏
စနစ်သည် တရားဝင်ဖြစ်ကြောင်း၊ သူတို့သည် 3D ပရင်တာ ၀န်ဆောင်မှု ပေးနိုင်သော
ဗဟိုစစ်လက်နက်လိုင်စင် ကိုင်ထားသည့် တစ်ခုတည်းသော ကုမ္ပဏီဖြစ်ကြောင်း
ဆိုသည်။
Ref: AFP
ကယ်လီဖိုးနီးယား
အင်ဂျင်နီယာ ကုမ္ပဏီတစ်ခုက 3D ပရင်တာဖြင့် သေနတ်အစစ်ကို ထုတ်နိုင်ခဲ့ပြီး
စမ်းသပ် ပစ်ခတ်ခဲ့သည့် အခါတွင်လည်း ပစ်မှတ်ကို ကွက်တိ ထိမှန်ကြောင်း
ဖော်ပြသည့် ဗီဒီယိုဖိုင်တစ်ခု ထွက်လာသည်။
ဗီဒီယိုဖိုင် တွင် ယခုစမ်းသပ် ထုတ်လုပ်သူများက သူတို့၏ သေနတ်ကို ကိုက်၃၀အကွာမှ အချက်၅၀ ပစ်ခတ် စမ်းသပ်ခဲ့ရာ အောင်မြင်မှု အပြည့်အ၀ ရှိသည်ကိုတွေ့ရကြောင်း ပြောကြားထားသည်။
ယခု သေနတ်သည် 3D ပရင်တာဖြင့် ထုတ်သော သီးခြားအစိတ်အပိုင်း ၃၀ကျော် ပေါင်းစပ်ထားသည်။
အထူးသဖြင့် အဓိက အစိတ်အပိုင်းများကို သံမဏိနှင့် အခြားသတ္တုများဖြင့် ထုတ်လုပ်ထားသည်။
Solid Concepts ဟု အမည်ရသည့် ကုမ္ပဏီသည် 3D ပရင်တာနှင့်ထုတ်သော ပစ္စည်းများတွင် ကမ္ဘာ့ပထမဆုံး ၀န်ဆောင် မှုပေးနေသော အဖွဲ့ဖြစ်သည်။ သူတို့က ၁၉၁၁ လက်ကိုင်သေနတ်သည် ဈေးချိုမည် မဟုတ်ဟု ဆို၏။
ကုမ္ပဏီမှ ဒုတိယဥက္ကဌ ကန့်ဖိုင်းယားစတုန်းက 3D ပရင်တာထုတ် ပစ္စည်းများ လက်တွေ့ဆန်ပြီး အသုံးချနိုင်စွမ်းမြင့်ရန် ကြိုးပမ်းနေကြောင်း၊ သူတို့၏ ထုတ်လုပ်မှုအတွက် လူထု၏ အမြင်များ ပြောင်းလဲလာအောင် ကြိုးပမ်းရဦးမည် ဖြစ်ကြောင်း ဆိုသည်။
ဖိုင်းယားစတုန်းက သူတို့၏ အင်ဂျင်နီယာများသည် 3D ပရင်တာ နည်းပညာတွင် ကျွမ်းကျင်သူများဖြစ်ပြီး၊ ယခုကဲ့သို့ သော လုပ်ငန်းများနှင့် အသင့်တော်ဆုံး သူများဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် 3D ပရင်တာဖြင့် ထုတ်သော သေနတ်များ ထွက်နေသော်လည်း သတ္တုဖြစ်ပစ္စည်းများ မဟုတ်သလို အသုံးပြုခွင့်၊ ရောင်းချခွင့်များ ပိတ်ထားကြောင်း သူက ဆိုသည်။
ယခုနှစ် နှစ်ဆန်းပိုင်းက လူတိုင်း ကိုယ်တိုင် ထုတ်လုပ်နိုင်သည့် တစ်ချက်ပစ် သေနတ်လုပ်နည်း ကွန်ပျူတာဖိုင်များကို Defence Distributed ၀က်ဘ်ဆိုက် Open-source အဖြစ် တင်ခဲ့ရာ download ချသည့် အကြိမ်အရေအတွက် တစ်သိန်း ကျော်ခဲ့ရှိခဲ့သည်။
ပြီးခဲ့သည့် မေလတွင် ပြည်ထဲရေးဝန်ကြီးက သေနတ်ထုတ်သည့် အသေးစိတ်ပုံစံကို အင်တာနက်မှ ဖယ်ရှားခဲ့သော်လည်း သုံးစွဲသူများက အခြားသော ဖိုင်ဝေမျှသည့် ဆိုက်များမှ တင်နိုင်သေးသည်ဟု တုန့်ပြန်ထား ကြသည်။
ယခု Solid Concepts ကုမ္ပဏီကမူ သူတို့၏ စနစ်သည် တရားဝင်ဖြစ်ကြောင်း၊ သူတို့သည် 3D ပရင်တာ ၀န်ဆောင်မှု ပေးနိုင်သော ဗဟိုစစ်လက်နက်လိုင်စင် ကိုင်ထားသည့် တစ်ခုတည်းသော ကုမ္ပဏီဖြစ်ကြောင်း ဆိုသည်။

0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.