မကြာမီရက်ပိုင်းအတွင်း တူရကီနိုင်ငံတွင် ကျင်းပပြုလုပ်သွားမည့် Turkish Airlinr Open ဂေါက်ရိုက်ပြိုင်ပွဲတွင် လက်ရှိကမ္ဘာ့အဆင့်(၁)ဂေါက်ရိုက်သမား တိုက်ဂါးဝုဒ်အား ပါဝင်ယှဉ်ပြိုင်ရန်အတွက် ပြိုင်ပွဲကျင်းပရေးကော်မ တီမှ အမေရိကန်ဒေါ်လာ(၃)သန်းပေးခဲ့ရသော်လည်း တူရကီဂေါက်ရိုက်အဖွဲ့ချုပ်ဥက္ကဌကမူ တန်ရာတန်ကြေး ပေးရခြင်းဖြစ်ကြောင်း ပြောလာခဲ့သည်။ “ ကျွန်တော်က ဒီအားကစားနည်းထဲမှာ တိုက်ရိုက်ရော သွယ်ဝှိက်ပြီး ဖြစ်စေ ပတ်သက်လာခဲ့တာ (၄၂)နှစ်ရှိပါပြီ။ တိုက်ဂါးကို အကောင်းတကာ့အကောင်းဆုံးလို့သတ်မှတ်ထားပါ တယ်။ ဒါကို လက်မခံချင်သူတွေရှိမှာဖြစ်ပေမယ့် ဒါကကျွန်တော်တစ်ဦးတည်းရဲ့ အမြင်ဖြစ်ပါတယ်။။ သူ့လို ကစားသမားမျိုးပါဝင်လာရင် ရရှိလာမယ့် အကျိုးကျေးဇူးတွေကို တွေးကြည့်လိုက်တဲ့အခါ သူ့ကိုဘာပဲပေးရ ပေးရ တန်တယ်ဆိုတာ ခင်ဗျားတို့ယုံကြည်ထားလိုက်ပါဗျာ။ ဒီပြိုင်ပွဲက နိုင်ငံပေါင်း(၅၈)နိုင်ငံဆီကို ထုတ်လွှင့် ပြသပေးမှာဖြစ်ပါတယ်။ တိုက်ဂါးဟာ လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ ဒဏ်ရာပြသနာတွေကြောင့်ရယ်၊ တခြားလူ မှုရေးပြသနာတွေကြောင့် ကာလအတန်ကြာ အနားယူခဲ့ရပါတယ်။ ကမ္ဘာ့အဆင့်မှာလည်း အများကြီးကိုကျခဲ့ ရပေမယ့် ခုနောက်ပိုင်း ပြန်ပြီး တက်လှမ်းလာခဲ့တာဟာ အဆင့်(၁)ပြန်ဖြစ်လာတဲ့အထိပါပဲ။ဂေါက်သီးအားက စားလောကထဲကို သူစရောက်လာတော့ ခေတ်တစ်ခေတ်ပြောင်းပစ်လိုက်သလိုပါပဲ။ အရင်ကဆို ဂေါက်ရိုက် သမားတွေဆိုတာ ဗိုက်အိုးကြီးကြီးခပ်၀၀ကြီးတွေများပါတယ်။ သူ့ရဲ့အားကစားသမားဆန်ဆန် ကိုယ်လုံးကိုယ် ပေါက်မျိုးကို အတုယူကြရာက နောက်ပိုင်းမှာ အားလုံးပြောင်းလဲသွားခဲ့တာပါပဲ”ဟု တူရကီဂေါက်ရိုက်အဖွဲ့ချုပ် ဥက္ကဌအာမက်အက်ဂါအိုဂလူက တိုက်ဂါးဝုဒ်အား ချီးမွန်းခန်းဖွင့်ခဲ့သည်။
trend.com.mm
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.