Latest

00:39 AM IOS 7.1 DOWNLOAD

 Photo: Aeromobil ကထုတ်လုပ်ဖန်တီးလိုက်တဲ့ ပျံသန်းနိုင်တဲ့ကား

=================================
ခွန်နေ(AMMG)

Aeromobil ကိုတည်ထောင်သူ ဆလိုဗက်(Slovak Republic) နိုင်ငံသား
ဒီဇိုင်နာ Stefan Klein ကိုယ်တိုင် နှစ်ပေါင်း-၂၀ ကြာအချိန်ယူဖန်တီး တီထွင်
လိုက်တဲ့ Aeromobil version 2.5 လို့အမည်ရတဲ့ လေပေါ်ပျံသန်းနိုင်မယ့် ကားပါ။

ကိုယ်ထည်အားလုံးကို ပေါ့ပါးနေစေဖို့အတွက် ကာဗွန်ဖိုက်ဗာ ဘော်ဒီနဲ့ တည်
ဆောက်ထားပြီး အင်ဂျင်ပါဝါ ၁၂၁၁ စီစီ၊ ဆလင်ဒါ ၄ လုံးတပ်ဆင်ထား
တယ်လို့သိရပါတယ်။ ဒါကြောင့်ထုတ်လုပ်ပေးနိုင်မယ့် မြင်းကောင်ရေအား
က ၁၀၀ အထိသာရှိမှာပါ။ ရှေ့ဘီးယှက် ယာဉ်အမျိုးအစားဖြစ်ပြီး gasoline ထည့်သွင်းအသုံးပြုမောင်းနှင်ရမယ့် မိုးပျံကားပါ။

အင်ဂျင်ပါဝါနဲ့ ထုတ်လုပ်ပေးနိုင်မယ့် မြင်းကောင်ရေအားကိုကြည့်ရင်တော့
လေပေါ်ပျံတက်ဖို့ မဖြစ်နိုင်ဘူးလို့ထင်ရပေမယ့် ဖော်ပြထားချက်အရ
မြေပြင်ပေါ်မှာ တစ်နာရီ ၃၁၀ မိုင် နှင့် လေပေါ်မှာဆိုရင် တစ်နာရီ ၄၃၀ နှုန်း
အထိတောင် အမြန်ဆုံးမောင်းနှင်နိုင်တယ်လို့သိရပါတယ်။

အဆိုပါ Aeromobil version 2.5 flying car ကို ဈေးကွက်အတွင်းရောင်းချ
ဖို့မဖြစ်နိုင်သေးပေမယ့် အနာဂတ် ယခုထက်စွမ်းဆောင်ရည်ပိုကောင်းမယ့်
Version 3.0 ကို ထပ်မံဖန်တီးသွားဖို့တော့ရှိတယ်လို့သိရပါတယ်။

Ref:BBC

03 Nov 2013

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

Top