Latest

00:39 AM IOS 7.1 DOWNLOAD

 We are the Millers (2013)
Starring : Jason Sudeikis, Jennifer Aniston, Emma Roberts

တ၀ါးဝါး နဲ့ ပွဲကျရတဲ့ဟာသ ဇာတ်ကားကောင်းတစ်ခုပါပဲ။ မူးယစ်ဆေးဝါး နဲ့ ပါတ်သတ်တဲ့ မူခင်း Action တွေထဲက ခွဲထွက်တဲ့ ဇာတ်လမ်း တစ်ခုလို့ ပြောလို့လည်း ရတယ်။

David ဆိုတဲ့ ဆေးခြောက်ရောင်းတဲ့ လူ တစ်ယောက်က သူ့ရဲ့ သူဋ္ဌေးဆီမှာ အကြွေးတင်သွားနဲ့ သူဋ္ဌေးဖြစ်သူ နဲ့ အပေးအယူတစ်ခုလုပ်ခဲ့ရတယ်။ အဲဒါက မက္ကဆီကိုထဲကနေ US ထဲကို ဆေးခြောက်တွေ ကားတစီးစာ ကယ်ရီလုပ်ပေးရမယ့် တာဝန်ပဲ။ တကယ်တမ်းကျတော့ အဖမ်းအစီးများတဲ့ စစ်ဆေးရေး ဂိတ် တွေကို သူ ဘယ်လိုကျော်ဖြတ်မလည်း .. ? David ရဲ့ အကြံက ..

အပန်းဖြေထွက်တဲ့ မိသားစု တစ်စုပုံစံ အတုလုပ်မယ်။ လုံခြုံရေးဂိတ်တွေက ခရီးသွား မိသားစုတွေဆို သေသေချာချာ စစ်ဆေးလေ့မရှိဘူး။ ဂိတ်တွေကို ဖော်ရှိုးလုပ်ပြီး
ဖြတ်မယ်။ အဲဒီအတွက် Night Club တခုက အလုပ်ပြုတ်ပြီး အကြွေးတင်နေတဲ့ အဖော်အချွတ်မယ် ရိုစ့် ရယ်၊ သူ့ ရဲ့ အိမ်နီးချင်း လူပျိုပေါက် အူကြောင်ကြောင် ကောင်လေး ကန်နီ ရယ်၊ အိမ်ကပြေးလာတဲ့ လမ်းပေါ်က ဂျစ်ကန်ကန် ဂျစ်ပစီမလေး ကေစီ ရယ်ကို သူ့ မိသားစုပုံစံ (Millers family) လုပ်လိုက်တယ်။

လမ်းမှာ တစ်ယောက်တပေါက်နဲ့ ရန်တွေဖြစ်၊ သူ တို့ သယ်လာတဲ့ ဆေးခြောက်ကားပေါ်
မှာက ဆေးခြောက်ထုပ်တွေက အပြည့်၊ လုံခြုံရေးဂိတ်တွေကို ဖြတ်တဲ့အချိန် တလွဲတွေဖြစ်၊ အဲဒီကြားထဲ အဲဒီကားနောက်လိုက်လာတဲ့ လူဆိုးအဖွဲ့က တဖွဲ့၊ လမ်းမှာ ကားကပျက်၊ ကားပျက်တာကို ကြိုးနဲ့ဆွဲပေးပြီး ကူညီပေးတဲ့ မိသားစု တစ်စုနဲ့ မိတ်ဆွေဖြစ်၊ အဲဒီ မိသားစုထဲက ယောက်ကျားလုပ်သူက မူးယစ်အထူးတပ်ဖွဲ့က အရာရှိဖြစ်နေပြန် ...

အလွဲပေါင်းများစွာထဲကနေ ဟာသတွေ ဖြစ်ပြီး၊ တခန်းနဲ့ တခန်း မရိုးအောင် ရီစရာ အဖြစ်ရိုက်ပြထားပါတယ်။ ဆွေမျိုး မတော်စပ်တဲ့ သူစိမ်းတွေပေမယ့် သွားရင်းလာရင်း အခက်အခဲတွေကို အတူတူရင်ဆိုင် ဖြေရှင်းရင်းနဲ့ တယောက် နဲ့ တယောက် မိသားစုဝင်တွေလို သံယောဇဉ်ဖြစ်လာပုံကိုလည်း နှစ်သက်ဖွယ်ဖြစ်အောင် ရိုက်ပြထားပါတယ်။

ရယ်မောခြင်းဟာ ဘ၀အမောကို ပြေစေနိုင်တယ်ဆိုရင် We are Millers
ရုပ်ရှင်ဟာ ဘ၀ရဲ့ အမောတွေကို တဒင်္ဂပြေစေနိုင်တယ်ဆိုတာ အသေအချာပါပဲ။

IMDB - http://www.imdb.com/title/tt1723121/

ဝဏ္ဏသန်းထွန်း
၂၊ နိုဝင်ဘာ၊ ၂၀၁၃

03 Nov 2013

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

Top