Latest

00:39 AM IOS 7.1 DOWNLOAD

 နောက်ဆုံးပေါ် Android operationg system ဖြစ်သည့် Android 4.4 KitKat ကို HTC One အတွက် ရက် ၉၀ အတွင်းဖြန့်ချိပေးမည်ဟု HTC America မှ အမှုဆောင်ဖြစ်သူက ပြောကြားလိုက် သည်။ Android 4.4 KitKat နှင့် Sense 5.5 ကိုမြောက်အမေရိကရှိ HTC One သုံးစွဲသူအားလုံးထံရက် ၉၀ အတွင်းဖြန့်ချိပေးမည်ဖြစ်ကြောင်း Engadget နှင့်ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ရပ်တွင် HTC America မှအကြီးအကဲဖြစ်သူ ဂျေဆင်မက်ကင်ဇီက ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့နောက်တွင် HTC One Max နှင့် HTC One mini အတွက် update ကိုဖြန့်ချိပေးမည်ဟု HTC မှပြောရေးဆိုခွင့်ရှိသူ တစ်ဦးက CNET UK ထံအတည်ပြု ပြောကြားခဲ့သည်။ ထို့အပြင် Google Play edition ဖုန်းများတွင် KitKat update ကို ၁၅ ရက်အတွင်းတွေ့ မြင်ရမည်ဖြစ်ပြီး developer နှင့် unlocked version များတွင် ရက် ၃၀ အတွင်းတွေ့မြင်ရမည်ဟု မက်ကင်ဇီက Engadget ထံဆိုခဲ့သည်။ Google ကမိတ်ဆက်ပေးခဲ့သည့် Android 4.4 KitKat ကို Nexus 4, Nexus 7, Nexus 10 tablet များနှင့် Samsung GalaxyS4 အတွက်လာမည့် ရက်သတ္တပတ် အနည်းငယ်တွင် ဖြန့်ချိပေးမည်ဖြစ်ကြောင်း Google ကကြေညာထားသည်။ ထို့အတူ Moto X, Droid Ultra, Droid Maxx နှင့် Droid Mini အတွက် KitKat update ကို မကြာမီဖြန့်ချိပေးမည်ဟု Motorola website တွင်ဖော်ပြထားသည်။
-နောင်နောင် Ref: CNET Internet Journal


07 Nov 2013

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top