Latest

00:39 AM IOS 7.1 DOWNLOAD

lloris_3030228
တနင်္ဂနွေနေ့က အဲဗာတန်အသင်းနှင့် ဂူဒီဆန် ပါ့ခ်တွင် ဂိုးမရှိ သရေကျခဲ့သောပွဲ ရိုမီယူ လူကာကူနှင့် ထိခိုက်မိပြီး ဦးခေါင်းဒဏ်ရာရခဲ့သော ပြင်သစ်လက်ရွေးစင် ဂိုးသမား ဟူဂို လိုရစ်ကို ဆက်လက်ကစားခွင့် ပြုခဲ့သည့်အတွက် မန်နေဂျာ ဗီလက်ရှ် ဘိုအက်ရှ်နှင့် စပါးအသင်းမှာ ပြင်းထန်သော ဝေဖန်မှုများနှင့် ရင်ဆိုနေရသည်…။
လိုရစ်မှာ ပွဲအပြီးတွင် ဦးခေါင်းဓါတ်မှန် (CT Scan) ချက်ချင်းရိုက်ပြီး ဦးခေါင်းခွံ ကွဲအက်ခြင်း၊ သွေးယိုစီးခြင်းတို့ မရှိကြောင်း အတည်ပြုနိုင်ခဲ့သော်လည်း မန်နေဂျာ ဘိုအက်ရှ်မှာမူ “ဆက်ကစားမယ်လို့ ထင်မြင်ခဲ့လို့ပါ” ဟု ဖြေရှင်းချက် ပေးခဲ့သည့်အပေါ် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်..။
ကမာ့ဘောလုံးအဖွဲ့ချုပ် (FIFA) မှ Chief Medical Officer ပရော်ဖက်ဆာ ဂျယ်ရီ ဗိုရက်ခ်က တစ်ဖက်ကစားသမားရဲ့ ဒူးခေါင်းပင် ရေခဲနဲ့ အုပ်ရတဲ့အထိ ယောင်ယမ်းသွားသောကြောင့် ထိခိုက်မှုမှာ ပြင်းထန်ပါကြောင်း၊ ကစားသမားအား ချက်ချင်းလူစားလဲသင့်ကြောင်း၊ ဂိုးသမားမှာ သတိမေ့သွားခဲ့သောကြောင့် ဦးခေါင်းတွင်း ထိခိုက်မှု သေချာရှိနိုင်ကြောင်း ပြောကြားခဲ့သည်..။ ထို့နောက်သူက ဆက်လက်ပြီး ယခုလို အနေအထားမျိုးတွင် ကစားသမား၏ဆနထက် ကျွမ်းကျင်သူများ၏ ထင်မြင်ချက်များကို ပိုမိုအလေးထားသင့်ကြောင်း ယခုလို ပြောဆိုခဲ့သည်..။
“ကျွန်တော်အပါအ၀င် နိုင်ငံတကာက ကျွမ်းကျင်သူတွေ အမြင်ကတော့ ဒီလိုဦးခေါင်းဒဏ်ရာမျိုးမှာ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ ထင်မြင်ချက်တွေက ပိုပြီးအဓိက ကျပါတယ်..။ အဲဒီအပေါ်မူတည်ပြီး ဆုံးဖြတ်ရမယ်..။ ကစားသမားက သူ့ကိုယ်တိုင် ဆက်ကစားနိုင်၊ မကစားနိုင် မသိနိုင်ဘူး..။ မန်နေဂျာဟာ ဆေးပညာနဲ့ ပတ်သက်ပြီး ဘာမှမသိဘူး..။
ဒူးခေါင်းနဲ့ ဦးခေါင်းကို ထိခိုက်မိတာဟာ ဦးခေါင်းခွံအတွင်း သွေးယိုစိမ့်မှု ဖြစ်နိုင်တယ်..။ ဒီလိုဖြစ်လာရင် အသက်အနရာယ် အလွန်များတယ်..။ သံသယရှိတာနဲ့ ချက်ချင်းလူစားလဲလိုက်တာ အကောင်းဆုံးပါပဲ..။”
တော်တင်ဟမ် အသင်းမှာ ဆေးဘက်ဆိုင်ရာ တာဝန်ရှိ အကြီးအကဲ ၀ိန်း ဒီဇယ်လ်ကတော့ လိုအပ်သည့် စစ်ဆေးမှုများ၊ စမ်းသပ်မှုများကို မိမိတို့အသင်းအနေဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ကစားသမား၏ အနေအထားအပေါ် မူတည်ပြီး ဆက်လက်ကစားစေရန် ဆုံးဖြတ်ခဲ့ကြောင်း ယနေ့မနက်တွင် အသင်း၏ တရားဝင် ၀က်ဘ်ဆိုက်ဒ်မှတဆင့် ဖြေရှင်းခဲ့သည်..။
သို့သော် ကမာ့ကြေးစားဘောလုံးသမားများ သမ (FIFPro) မှ ဆေးဘက်ဆိုင်ရာ အကြံပေးပုဂိုလ် ဗင်းဆင့် ဂိုတေးဘတ်ဂ်ျက ယခုလို အသင်း၏ ဆုံးဖြတ်ချက်မှာ လက်ခံနိုင်ဖွယ် မရှိကြောင်း၊ FIFPro အနေဖြင့် ကစားသမားများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုအပေါ် မန်နေဂျာ/ နည်းပြများနှင့် ကစားသမား ကိုယ်တိုင်က ဆုံးဖြတ်နေခြင်းအပေါ် ကန့်ကွက်ပါကြောင်း ပြောကြားခဲ့သည်..။
ဘောလုံးအဖွဲ့ချုပ် (FA) မှ လက်ထောက် စီအီးအို ဂျွန် ဘရန်းရှဲလ်ကလည်း ဦးခေါင်းဒဏ်ရာ ရနေသည့် ကစားသမားတစ်ဦးအား ကွင်းအတွင်းတွင် ပြုစုစောင့်ရှောက်ပြီး ဒဏ်ရာအနေအထား ခန့်မှန်းခြင်းမှာ ခက်ခဲကြောင်း၊ ကစားသမားများ၊ မန်နေဂျာများနှင့် အသင်းမှ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် အဆိုပါ ခက်ခဲသည့် ဆုံးဖြတ်ချက်များကို ချမှတ်ရသော အနေအထားရောက်အောင် မပြုလုပ်သင့်ကြောင်း၊ ဦးခေါင်းထိခိုက်မိပြီး သတိမေ့မျောသွားပါက ကစားသမား အနေဖြင့် ကွင်းအတွင်းမှ ထွက်ခွာရမည်ဖြစ်ကြောင်း သုံးသပ်ပြောဆိုသွားခဲ့သည်..။
ဦးနှောက်ထိခိုက်ဒဏ်ရာများနှင့် ပတ်သက်သည့် ရံပုံငွေ အဖွဲ့အစည်းဖြစ်သော Headway အဖွဲ့မှ CEO ပီတာ မက်ကာဘီက အဆိုပါ အနေအထားမျိုးနှင့် ပတ်သက်ပြီး ဘောလုံးအဖွဲ့ချုပ် (FA) အနေဖြင့် ကလပ်အသင်းများကို စည်းမျဉ်း၊ စည်းကမ်းများ သေသေချာချာ ချမှတ်ပေးသင့်ကြောင်း တိုက်တွန်းခဲ့သည်..။
ဘောလုံးအဖွဲ့ချုပ်၏ ဦးခေါင်းဒဏ်ရာများနှင့် ပတ်သက်သည့် ပြဌာန်းချက်များတွင် မေ့မျောသွားသည်အထိ ထိခိုက်ဒဏ်ရာရခဲ့သော ကစားသမားအား ဆက်လက်မကစားစေသင့်ကြောင်း ပါရှိခဲ့သည်..။ သို့သော် အဆိုပါ မေ့မျောသည်ဆိုသည့်အပေါ် သေသေချာချာ သတ်မှတ်ထားခြင်း မရှိပဲ ရုတ်တရက် မူးဝေပြီး သတိလွတ်သွားသည့် အခြေအနေမျိုးတွင် ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများ၏ စမ်းသပ်မှုအပေါ် မူတည်ပြီး ဆက်လက်ကစားနိုင်ကြောင်း ဖော်ပြထားသည်..။
credit  mmchelseafc.com
05 Nov 2013

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top