ပြီးခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်(၁၀)တွင် အာဆင်နယ်အား အဝေးကွင်းတွင်အရေးနိမ့်သွားခဲ့ပြီးနောက် (၅)မှတ်ဖြတ်ခံလိုက်ရသော်လည်းပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်စွမ်းရှိနေဆဲပင်ဖြစ် ကြောင်းလီဗာပူးလ်နောက်ခံလူ ကိုလိုတိုရေးက ပြောလိုက်သည်။ အာဆင်နယ်မှာဆန်တီကာဇိုလာ၊ အာရွမ်ရမ်ဆေး တို့၏ဂိုးများဖြင့်လီဗာပူးလ်ကိုအနိုင်ရခဲ့ခြင်းကြောင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရမှတ်(၂၅)မှတ်ဖြင့် ရပ် တည်လျက်ရှိသည်။ ထို့ကြောင့် အဆင့်(၃)နေရာတွင်ရမှတ်(၂၀)ဖြင့်ရပ်တည်နေရသည့် လီဗာပူးမှ ခံစစ်မှူး က“ အာဆင်နယ်ကချန်ပီယံဆုအတွက် တစ်သင်းတည်းရေပန်းစားတာမဟုတ်ပါဘူး။ ဘောလုံးရာသီကအ ရှည်ကြီးကျန်ပါသေးတယ်။ အခုမှနိုဝင်ဘာပဲရှိသေးတော့ သူတို့အသင်းလည်း ခက်ခဲတဲ့အချိန်ဆိုတာရှိလာမှာ ပါပဲ။ ဘောလုံးရာသီက လုံးဝမပြီးသေးပါဘူး။ အာဆင်နယ်ရော ကျွန်တော်တို့အသင်းမှာပါ ချန်ပီယံဖြစ်နိုင်တဲ့ စွမ်းရည်တွေရှိကြပါတယ်”ဟု ပြောခဲ့ခြင်းဖြစ်သည်။ အာဆင်နယ်နည်းပြ၀င်းဂါးကလည်း ထိုအချက်ကိုနားလည်သဘောပေါက်ထားပုံရပြီး ပရီးမီးယားလိဂ်အဖွင့် ပွဲစဉ်(၁)တွင် အက်စတွန်ဗီလာအား အရေးနိမ့်ခဲ့ပြီးနောက် ယနေ့အချိန်ကဲ့သို့ အမှတ်ပေးဇယားထိပ်တွင်ရပ် တည်နေနိုင်လိမ့်မည်ဟု ပြောခဲ့ပါက မိမိအားဝိုင်းရယ်မောခဲ့ကြလိမ့်မည်ဟု ပြောရင်း မိမိတို့အသင်းအနေဖြင့် အချိန်မရွေးပြောင်းလဲသွားနိုင်ကြောင်း၊ ပွဲတိုင်းကို အပြင်းအထန်ကြိုးစားအားထုတ်ကြရမည်ဖြစ်ကြောင်း အာဆင်နယ်အသင်းသားများအား သတိပေးစကားပြောခဲ့သေးသည်။

 အောင်မျိုး

0 comments:

Post a Comment

 
Top