တခါတလေ အကောင့် ၂ခု ဒါမှမဟုတ် ၂ခုထက်ပိုရှိနေတတ်တဲ့ Accounts တွေ ရှိနေတတ်တယ်။ အဲ့လိုမျိုးဆို Gmail ဆိုရင်တော့ AddAccount လိုမျိုးသူ့မှာပါလာတဲ့ Function သုံးဖြေရှင်းလိုက်လို့ရပါတယ်။
တခြား Service တွေ မှာအဲ့လို Function တွေ မပါခဲ့ဘူးဆို Browser ၂ ခု ၃ခုဖွင့်ပီးသုံးရမလိုဖြစ်နေတတ်ပါတယ် ..အဆင်မပြေဘူးပေါ့ဗျာ .. အဲ့တော့ Browser ၁ ခုထဲမှာအကောင့် တွေ ခွဲတွေ သုံးလို့ရအောင်လုပ်တဲ့နည်းလေးတွေ ရှိပါတယ် ။ အများဆုံးသုံးဖြစ်တဲ့ Browser ၃ ခု ဖြစ်တဲ့ကျွန်တော်လည် သုံးနေကျ
(၁) Chrome (၂) Mozillz (Firefox) (၃) Internet Explorer (IE) တို့ မှာဘယ်လိုသုံးလို့ရလည်းဆိုတာပါ ။

—————————————————————————————————————-
(၁) Chrome
Chrome က အလွယ်ဆုံးပါပဲ .. သူကအကောင့် ၂ ခုလောက် သုံးဖို့အဆင်ပြေဆုံးပါ .. ဘာလို့လဲဆိုတော့ ဘာမှလည်းပြင်စရာမလိုဘာမှလည်းလုပ်စရာမလိုပါဘူး .. Key လေးနှိပ်လိုက်ရင်ပဲအဆင်ပြေပါပြီ။  Key ကတော့ “Crl+Shift+N” ပါ။ ဖွင့်ပီးသုံးနေချိန်မှာ Crl+Shift+N နှိပ်လိုက်တာနဲ့ နောက်ထပ် အကောင့် ၁
ခုထပ်သုံးဖို့ နောက်ထပ် new window နဲ့ ပေါ်လာပါလိမ့်မယ်။ ဒါဆိုအကောင့် ၂ ခုလောက်ကိုဘာမှ လုပ်စရာမလိုပဲ Chrome မှာအမြန်သုံးလို့ရပါပြီ။

(၂) Mozilla (Firefox)
Firefox ကတော့ နည်းနည်းလုပ်စရာလေးရှိပါတယ် ။ ဘာလုပ်ရမှာလဲဆိုတော့ Add-ons လေး ၁ ခုထည့်ပေးရတာပါ ။ နာမည်လေးကMultifoxဆိုတဲ့ Add on လေးပါ ။ ကိုယ့် Firefox လေးမှာ Install လုပ်ရပါမယ် ။ Install လုပ်မယ်ဆိုအောက်ကMultifoxဆိုတဲ့ Icon လေးနှိပ်ပီး Install အရင်လုပ်ရပါမယ် ။
Add-on လေးကို Install လုပ်ပီးရင်တော့ Browser ကို Restart ချခိုင်းပါလိမ့်မယ် .. Restart ချပီး ပြန်တတ်လာပြီဆိုရင်တော့ စတင်ပြီးသုံးလို့ရပါပြီဗျာ။ သုံးရမယ့် နည်းလေးကတော့ New Identity Profile ဆိုတာလေးကနေသွားဖို့ပါပဲ ။

သုံးနေပြီဆိုအောက်ကပုံလေးလိုပေါ်လာပါလိမ့်မယ်။ .. ၂ ခုသုံးနေတယ်ပေါ့။ ကိုယ်ကအရင် ၁ ခုထဲဖွင့်နေတယ် .. ကိုယ်ထပ်ဖွင့်ချင်တာလေးရှိရင်ဖွင့်ချင်တာလေးကို (Eg- www.facebook.com) Bookmarkထဲမှာထည့်ထားလိုက်ပါ။ ပီးရင် မှတ်ထားတာလေးကို Right Click > Open in a New Identity Profile ကိုရွေးလိုက်ရင် နောက်ထပ် New Window လေးပေါ်လာပီးစတင်ပီးသုံးလို့ရပါပီ။
(၃) Internet Explorer (IE)
IE မှာတော့ Chrome လောက် Shortcut နဲ့ အဆင်မပြေသလို … Firefox လို Add-on ထည့်လောက်အောင်လည်းအချိန်ပေးစရာမလိုပါဘူး ။ သူကတော့ G-
talk ကိုအများ ကြီးဖွင့်ရင်လုပ်ရသလိုပဲ Properties > target မှာဝင်ချိန်းလိုက်ရင်ရပါတယ် ။ ချိန်းရမှာက Target မှာရေးထားတဲ့နောက်မှာ -
nomregeဆိုတာလေးထည့်ပေးလိုက်ရင်ရပါတယ် ။
ဘယ်လိုလုပ်ရမလဲဆို .. ပထမဆုံး IE ကို Desktop ပေါ် Shortcutကိုတင်ပေးလိုက်ပါ ..ပီးရင် Right Click > Target မှာ -nomerge ထပ်ထည့်ပေးလိုက်ပါ (Example -“C:\Program Files\Internet Explorer\iexplore.exe” ဆိုတာကို “C:\Program Files\Internet Explorer\iexplore.exe” -nomerge) အဲ့ဒါဆိုရင် နောက် ထပ်ထွက်လာတဲ့ new window တွေ မှာနောက်ထပ်အကောင့်တွေ ဖွင့်လို့ရသွားပြီ။
(Credit to ko C Thu Aung )




0 comments:

Post a Comment

 
Top