Latest

00:39 AM IOS 7.1 DOWNLOAD

အခု မိတ်ဆက်ပေးမဲ့ Game လေးကတော့ Clumsy Ninja လို့ ခေါ်တဲ့ iOS Game လေးပဲဖြစ်ပါတယ်.
ဒီ Game လေးကိုထုတ်လုပ်တာကတော့ Natural Motions Studio ကပဲဖြစ်ပါတယ်.
Natural Motion Studio ကနောက်ပိုင်းမှာ Game တွေအရမ်းကောင်းလာပါတယ်.
အခုဒီ Game လေးဆိုရင် Game ထဲက Character လေးကို ကိုယ့်စိတ်ကြိုက် ကစားလို့ ရမှာဖြစ်ပါတယ်.
ဇာတ်လမ်းလေးကတော့ Ninja လေးနှစ်ကောင်က စတာပဲဖြစ်ပါတယ်.
ဇာတ်လိုက် Ninja ကောင်လေးဟာ Ninja လို့ သာပြောတာပါ. တကယ်က Clumsy ဆိုတဲ့အတိုင်းပဲ ဘာမှလည်း သေချာမတတ်… တုံချိ. တုံချိနဲ့ လက်သီးထိုးရင်လည်း ချော်လဲ၇တာနဲ့ . မျိုးစုံပဲ ပေါက်ကရတွေ ဖြစ်နေတတ်တဲ့ Ninja ကောင်လေးပါ.
သူ့မှာ Ninja ကောင်မလေး ရှိပါတယ်. အဲ့ဒီ ကောင်မလေးကတော့ သူ့ ချစ်သူ Clumsy Ninja လေးနဲ့ မတူပဲ တော်ပါတယ်.
ဒိလိုနဲ့ တစ်ရက် Ninja ကောင်မလေး စွမ်းအားကျင့်နေတုန်း လူဆိုးကြီးတစ်ယောက်ကလာပြီး ကောင်မလေးနဲ့ တိုက်ခိုက်ကြပါတယ်.

အဲ့ဒီအခါမှာ ကောင်မလေး ကျရှုံးသွားပါတယ်.
အဲ့ဒီအတွက်ကြောင့် လူဆိုးကြီးဟာ ကောင်မလေးကို သတ်သွားတာလား. ခေါ်ဆောင်သွားတာလားတော့ မသေချာပါဘူး…
သေချာတာတစ်ခုကတော့ ကောင်မလေး ပျောက်သွားပါတယ်.
ကျန်ခဲ့တဲ့ ဓာတ်ပုံလေးကို ရင်မှာပိုက်ရင်းနဲ့ Clumsy Ninja လေးဟာ သူ့ ချစ်သူ ကောင်မလေးကို သွားကယ်ဖို့ အတွက် အပြင်းအထန် လေ့ကျင့်ပါတော့တယ်…
ဒါကြောင့် ကျွန်တော်တို့ က Clumsy Ninja လေးကို Trainer အဖြစ်နဲ့ ကစားပေးရမှာဖြစ်ပါတယ်.
XP တွေတက်အောင်… Level တွေတက်အောင် လေ့ကျင့်ပေးရမှာဖြစ်ပါတယ်.
ခါးပတ် အရောင်မျိုးစုံကိုလည်း ရယူပြီးတော့ Traning လုပ်ဆောင်ပေးနေရမှာဖြစ်ပါတယ်…
ဒီတော့.. ကျွန်တော်တို့ အနေနဲ့ သူ့ ချစ်သူ ကောင်မလေးကို တိုက်ခိုက်သွားတဲ့ လူဆိုးကြီးကို ပြန်ချဖို့ အတွက် Clumsy Ninja လေးကို Train ပေးလိုက်ရအောင်လားဗျာ…
Singapore Store မှာ Free ရတဲ့အတွက်ကြောင့် အောက်က လင့်ခ်မှာဒေါင်းယူနိုင်ပါတယ်။
ကစားကြည့်လိုက်ပါ. ကြိုက်သွားမှာ အသေချာပါပဲခင်ဗျာ…
clumsy1clumsy2clumsy3


Download Link
https://itunes.apple.com/sg/app/clumsy-ninja/id561416817

credit  apple4MM

09 Nov 2013

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top