လင်းနို့လူသားစီးတဲ့ကား General Motors ထုတ်ပြီလား
၂ဝ၁၅ မှာ ထွက်ရှိနိုင်ဖို့ခန့်မှန်းထားတဲ့လင်းနို့လူသား ရုပ်ရှင်မှာ မင်းသားလည်း ပြောင်းသလို၊ ကားလည်း ပြောင်းမှာ ဖြစ်ပါတယ်။
မင်းသား ကတော့Ben Affleck သေချာသွားပါပြီ။ Ben Affleck အနေနဲ့စူပါ ဟီးရိုး ဖြစ်ရတာ ဒါ ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ လောလော ဆယ် ရေးသားဖော်ပြနေကြတဲ့သတင်းများအရ ကား ကတော့ကြိမ်းသေ ပြောင်းလဲမှာ ဖြစ်ပါတယ်။ ကားပြောင်းလဲခြင်းနဲ့အတူ ထုတ်လုပ်တဲ့ကုမ္မဏီလည်း ပြောင်းမှာပါ။ အရင်က Batmobile လို့ခေါ်တဲ့လင်းနို့လူသားကားကို အမေရိကန် စစ်တပ်သုံး တိုက်ပွဲဝင်ဂျစ်ကားကို အသွင်ပြောင်းထားခြင်း ဖြစ်ပြီး ဒီတစ်ခါတော့အမေရိကန် General Motors က ရုပ်ရှင် အတွက် သီးသန့် ထုတ်လုပ်မှာ ဖြစ်ပါတယ်။
စစ်တပ်သုံး ဆန်ဆန် ပုံစံတော့ထုတ်လုပ်မှာပါ။ ပထမ ရုပ်ရှင်မှာ အသုံးပြုခဲ့တဲ့၂ စီးထဲမှာ တစ်စီးက ပျက်ဆီး သွားပါပြီ။- တစ်စီးကတော့ကျန်ရှိနေပါသေးတယ်။ သို့ပေမယ့် ကားအသစ်ကို အသုံးပြုမှာ ဖြစ်ကြောင်း သိရပါတယ်။
...
Ref: autoblog
Colay.Automobile
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.