Latest

00:39 AM IOS 7.1 DOWNLOAD

 Photo: Google ကထပ်မံမိက်ဆက်လိုက်တဲ့ Motorola Moto G

===============================
ခွန်နေ(AMMG)

Google က LG Nexus 5 မိတ်ဆက်ပြီး သိပ်မကြာခင် ယခုထပ်မံပြီးမိတ်ဆက်
လိုက်တာကတော့ Motorola ရဲ့ Moto G စမတ်ဖုန်းပဲဖြစ်ပါတယ်။

ယခင် Nexus 5 တုန်းကလို Android ရဲ့နောက်ဆုံး ဗားရှင်းဖြစ်တဲ့ 
4.4 KitKat ဗားရှင်းအတိုင်း ယခုမိတ်ဆက်လိုက်တဲ့ Moto G ကိုလည်း 
4.4 KitKat အသုံးပြုလို့ရအောင် မိတ်ဆက်ထားတာပါ။ သို့ပေမယ့် ယခု
လက်ရှိအနေအထားမှာတော့ 4.3 JellyBean နဲ့သာအသုံးပြုလို့ရဦးမှာဖြစ်ပြီး
လာမယ့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ လောက်မှ Upgrade မြင့်တင်လို့ရအောင်
ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

ထွက်ရှိလာတဲ့ Moto G ရဲ့မျက်နှာပြင်အကျယ်ကတော့ ၄.၅ လက်မ နှင့် 720p display မျက်နှာပြင်ပါဝင်လာပါတယ်။ Snapdragon 400 Chipset ပါဝင်ပြီး quad-core 1.2GHz Cortex-A7 processor နှင့် ဂိမ်းကစားရာမှာ
ရုပ်ထွက်ကောင်းမွန်စေဖို့ Adreno 305 GPU အသုံးပြုပေးထားပါတယ်။
RAM အပိုင်းမှာတော့ 1GB သာအသုံးပြုပေးထားတယ်ဆိုပေမယ့် OS ပိုင်း
မှာတော့ Android Version 4.3 JellBean(upgrade 4.4 KitKat) အထိ မြင့်
တင်လို့ရအောင်ပြုလုပ်ပေးထားပါတယ်။

ကင်မရာပိုင်းအနေနဲ့ Main ကင်မရာ 5MP ပါဝင်လာပြီး ရှေ့ကင်မရာ ကိုတော့ 1.3MP အသုံးပြုပေးထားတယ်။ internal memory အနေနဲ့
8GB Version နှင့် 18GB Version ဆိုပြီး နှစ်မျိုးထွက်ရှိလာမှာဖြစ်ပြီး
လိုအပ်ပါက ထပ်မံထပ်တိုးအသုံးပြုလို့ရနိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။

လက်ရှိအင်္ဂလန်မှာစတင်ရောင်းချပေးနေပြီး ဈေးနှုန်းအနေနဲ့ 8GB Version
ကို ဗြိတိန်ပေါင် ၁၃၅ နှင့် 16GB Version ကိုတော့ ၁၅၉ ပေါင်ဆိုပြီး
အသီးသီး စတင်ရောင်းချပေးနေပြီဖြစ်တယ်လို့ သိရပါတယ်။

Ref:Stuff UK

14 Nov 2013

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

Top