Latest

00:39 AM IOS 7.1 DOWNLOAD

မိုင်လီ၏ ဖက်ရှင်အတွက် လူပြောများခဲ့ပြန်သည့် MTV EMA ဆုပေးပွဲMTV၏ VMA ဆုပေးပွဲ အစီအစဉ်တွင် ခပ်ကြမ်းကြမ်း ဖျော်ဖြေမှုများကြောင့် လူပြောများခဲ့ဖူးသည့် အသက်(၂၀)အရွယ် Popဂီတ ကြယ်ပွင့်သည် ယခုဆုပေးပွဲတွင် အကောင်းဆုံး ဗီဒီယိုဆုကို Wrecking Ballအတွက် ရရှိခဲ့ပြီးနောက် ဆုလက်ခံရယူသည့် ဖက်ရှင်ကြောင့် အများမျက်ခုံးပင့်စရာ ဖြစ်ခဲ့
(၂၀၁၃)ခုနှစ်အတွက် MTV၏ ဥရောပ ဂီတဆုပေးပွဲ (EMA)တွင် One Direction အဖွဲ့က ဆုနှစ်ဆုဖြင့် အအောင်မြင်ဆုံး ဖြစ်ခဲ့သော်လည်း လူအများ အာရုံကို သိမ်းကျုံး ရယူသွားသည်မှာမူ မိုင်လီဆိုင်းရပ်စ်ပင် ဖြစ်လာခဲ့သည်။ MTV၏ VMA ဆုပေးပွဲ အစီအစဉ်တွင် ခပ်ကြမ်းကြမ်း ဖျော်ဖြေမှုများကြောင့် လူပြောများခဲ့ဖူးသည့် အသက်(၂၀)အရွယ် Popဂီတ ကြယ်ပွင့်သည် ယခုဆုပေးပွဲတွင် အကောင်းဆုံး ဗီဒီယိုဆုကို Wrecking Ballအတွက် ရရှိခဲ့ပြီးနောက် ဆုလက်ခံရယူသည့် ဖက်ရှင်ကြောင့် အများမျက်ခုံးပင့်စရာ ဖြစ်ခဲ့သည်။ မိုင်လီသည် အပေါ်ပိုင်းတွင် သားမွေးဖြင့် လုံလုံခြုံခြုံ ဝတ်ဆင်ထားသော်လည်း ခန္ဓာကိုယ် အောက်ပိုင်းကို အလွန်အကျွံ ဖော်ပြထားသည့် ဖက်ရှင်ဖြင့် ဆုတက်ယူခဲ့သလို စင်မြင့်ပေါ်တွင် စီးကရက် သောက်နေသဖြင့် နောက်ထပ် ဝေဖန်စရာ အငြင်းပွားစရာ အခြေအနေမျိုး ထွက်ပေါ်လာစေခဲ့သည်။
ယခုနှစ် ဆုပေးပွဲတွင် အကောင်းဆုံး Hip Hopအဆိုတော်အဖြစ် Eminemက အောင်ပွဲခံခဲ့ပြီး One Directionက အကောင်းဆုံး Popဂီတဆုနှင့် ဗြိတိန်၊ အိုင်ယာလန်တို့၏ အထူးချွန်ဆုံးဆုများကို သိမ်းပိုက်နိုင်ခဲ့သည်။ Eminemသည် Global Iconဆုကိုလည်း ရရှိခဲ့သေးသည်။ ကေတီပယ်ရီကမူ အကောင်းဆုံး အမျိုးသမီး အဆိုရှင်ဆုကို ရရှိခဲ့ပြီး အကောင်းဆုံး အမျိုးသား အဆိုရှင်ဆုကမူ ဂျက်စတင်ဘီဘာအတွက် ဖြစ်လာသည်။ အကောင်းဆုံး Rockဂီတဆုကမူ Green Dayအဖွဲ့၏ လက်ထဲသို့ ကျရောက်ခဲ့သည်။ အကောင်းဆုံး သီချင်းဆုကိုမူ ဘရူနိုမားစ်၏ Locked Out of Heavenက ရရှိသွားကြောင်း သိရှိရသည်။
Planet Myanmar Network

11 Nov 2013

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top