ဒီSoftware လေးက ၀င်းဒိုး Boot ပြန်မတက်တာ Screen ပြာတက်နေတာ ၀င်းဒိုး Restart ခဏခဏကျတာတွေအတွက်ပြန်လည်ကောင်း မွန်အောင် စွမ်းဆောင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ကျွန်တော်ဖြစ်တဲ့ပြဿနာလေးကို
ပြောပြ ချင်ပါတယ်။

ကျနော်လက်တော့တစ်လုံးကိုအခြားနိုင်ငံတစ်ခုကနေမှာလိုက်ပါတယ်။Dell Inspiron 2nd generationIntel Core i7 အမျိုးအစားပါ။Genuine Win7 Home Premium 64 Bit Service Pack 1 နှင့်ပါ။ရောက်လာတော့Partation တစ်ခုတည်းဖြစ်နေလို့  ထုံးစံအတိုင်း MyComputer > Manage ကနေ၀င်ပြီးတော့ Partation တွေခွဲပါတယ်။အရင်လည်းလုပ်နေကျပါ။ပြီး Restart ချလိုက်တဲ့အခါမှာတော့ Windows ပြန်တက်မလာတော့ ဘဲနဲ့ BOOTMGR is missing စာကြောင်းရယ် Press Ctrl+Alt+Del to restart ဆိုတဲ့စာကြောင်းနဲ့  Screen မဲမဲကြီးကပေါ်လာပါတယ်။ သူပြောသလို Restart လုပ်တာလည်းမရပါဘူး။

တော်တော်စိတ်ညစ်သွားတာပါ။ကိုယ့်မှာရှိတဲ့ ဝင်းဒိုးနဲ့ ပြန်တင်ရင်ရပေမဲ့ သူ့ စက်ထဲမှာထည့်ပေးလိုက်တဲ့ Software လေးတွေကို သဘောကျနေလို့ ဝင်းဒိုးအသစ်လည်းပြန်မတင်ချင်တာနဲ့  အခြားစက်တစ်လုံးနဲ့ ဂူဂဲလ်ထဲမှာရိုက်ရှာပြီး အလားတူပြဿနာမျိုးတွေဖြေရှင်းထားတဲ့ ဗီဒီယို ဖိုင်တွေ ကို Youtube မှာကြည့်တော့ ဒီ Windows 7 Repair Disc ဆိုတာလေးနဲ့ ဖြေရှင်း တာ ကိုတွေ့ တာနဲ့  ဂူဂဲလ်မှာဘဲရှာဖွေဒေါင်းယူကာ CD အဖြစ် ရရှိလာတဲ့ ISO ဖိုင်လေးကို Burn ယူ လိုက်ပါတယ်။

ပြီးတော့ ပြဿနာဖြစ်နေတဲ့စက်ကို FirstBoot မှာ CD/DVD ပြောင်း လည်းပေးပြီး Repair ချပ်ကိုစက်ထဲထည့်ကာ Restart ချလိုက်ပါတယ် ။ပြန်တက်အလာမှာ“Press any key to boot from CD or DVD”- ဆိုတော့ ကီးတစ်ခုခုနှိပ်ပေးလိုက်ပါတယ် ၀င်းဒိုတင်သလိုပါဘဲ Language တွေ ဘာတွေရွေးပေးပြီး Repair your Computerကိုရွေးပေးကာ Next နဲ့ သွား ပါတယ်။နောက်တစ်ခါ System Recovery Option မှာလည်း Next ဘဲဆက်ပေးလိုက်ပါတယ်။ သူ့ လုပ်ငန်းစဉ် များပြီးသွားတာနှင့် Finish ပေးလိုက်ယုံပါဘဲ။Windowsကအရင်အကောင်းအတိုင်းပြန်တက်လာပါတော့တယ်။

ကဲကျနော်လိုပြဿနာကြုံသူများမသိရှိသေးသူများ ဆောင်ထားလိုသူများအတွက် ဒီကောင်လေးကိုပြန်လည်ဝေငှလိုက်တာပါ။32 Bit အတွက်ကော 64 Bit အတွက်ကောတင်ပေး ထားပါတယ်။အားလုံးအဆင်ပြေ နိုင်ကြ ပါစေ။Windows 7 အမျိုးအစားအားလုံးကို Repair လုပ်ပေးနိုင်ပါတယ်။150 MB သာသာပမာဏရှိပါတယ်။


Win7 32 Bit Repair Discကို အောက်ကလင့်၌ Download ယူပါ
http://minus.com/lVNNSej7M8gst


Win7 64 Bit Repair Discကို အောက်ကလင့်၌ Download ယူပါ
http://minus.com/l6QHve35dIPtc


credit to  ကွန်ပျူတာနည်းပညာ

0 comments:

Post a Comment

 
Top