Power Button မမိလို့ Screen on/off လုပ်ဖို့အတွက် စိတ်ညစ်နေရပါသလား? အဲ့ဒီအတွက်မပူပါနဲ့တော့ အလွယ်ဆုံးဖြေရှင်းလို့ ရတဲ့ apk ဖိုင်လေးတွေ တင်ပေးလိုက်ပါတယ်။

Screen off လုပ်ချင်သူများအတွက်
Screen off ဆိုတာလေးကို နှိပ်လိုက်ရုံနဲ့ Screen လေးကို ပိတ်သွားစေမယ့် Screen off and Lock ဆိုတဲ့ application လေးကို တင်ပေးလိုက်ပါတယ်။ အဲ့ application ဟာ Widgets မဟုတ်ပါဘူး။ တိုက်ရိုက် install လုပ်ပြီး shortcuts ထုတ်ပြီးသုံးနိုင် ပါတယ်။ အောက်ကလင့်မှာ ဒေါင်းလိုက်ပါနော်......
Download : http://www.mediafire.com/?cfc521p2s26bg8v


Screen on ဖို့ အခက်အခဲ ဖြစ်နေသူများ အတွက်တော့
ဖုန်းလေးကို လှုပ်ရမ်းလိုက်ရုံနဲ့ Screen လေးပွင့်လာမယ့် Wake Up Screen ဆိုတဲ့ application ကို တင်ပေးလိုက်ပါတယ်။ အဲ့ဒီ application ကတော့ install လုပ်ပြီးရင် ဖွင့်လိုက်ပြီး Screen ပွင့်ဖို့ အတွက် ဘယ်နှစ်ကြိမ် လှုပ်ချင်လည်း ဆိုတာကို အရင် ရွေးရပါ့မယ် ပြီးရင် Activate Wake Up Screen! ဆိုတာလေးကို နှိပ်လိုက်မှ activate ဖြစ်မှာပါ။တကယ်လို့ လှုပ်မယ့်အကြိမ်ပြောင်းချင်ရင်တော့ Deactivate Wake Up Screen! ဆိုတာကို အရင်နှိပ်ပါ ပြီးမှ အကြိမ်အရေအတွက်ပြောင်းပါ။ ပြောင်းပြီးရင်တော့ Activate Wake Up Screen! ကို ပြန်သွားရပါ့မယ်။ တကယ်လို့ လှုပ်မယ့် ပြင်းအားတွေ ဘာတွေကို ပြောင်းချင်ရင်တော့ အောက်နားက Preferences (စက်သွားပုံလေး) ကိုနှိပ်ပြီး ပြောင်းနိုင်ပါတယ်။ အောက်က လင့်မှာ ဒေါင်းလိုက်ပါနော်.....
Download : http://www.mediafire.com/?ymydmr459lkblvh

0 comments:

Post a Comment

 
Top