Apple ရဲ့ ဖုန်းလော့ဆွဲဖွင့်တဲ့အခါမှာ slide to unlock ဆိုတဲ့ စာတန်းလေးကို ကိုယ်ကြိုက်နှစ်သက်ရာ ရေးပြီးပြောင်းချင်သူများအတွက်ပါ ။
Apple သမားတွေအတွက် အားလုံးလဲ သိပြီးသားဖြစ်မှာပါ မသိသေးတဲ့သူများအတွက်
ပြောင်းချင်တယ်ဆိုရင်တော့ သင့်မှာ iFile ရှိဖို့ပဲလိုအပ်ပါတယ် iFile ကတော့
Cydia ထဲမှာ ဘယ်နေရာကဆွဲဆွဲ ဖရီးရနေပါပြီ ။
အောက်ကနည်းအတိုင်း လိုက်လုပ်ကြရအောင်...
iFile ကို ဖွင့်လိုက်ပါ ရှေ့ဆုံးစာမျက်နှာက System ဆိုတဲ့အထဲကိုဝင်လိုက်ပါ
Library ဝင်
CoreServices ဝင်
Springboard.app ဝင်
English.lproj ထဲဝင်
SpringBoard.strings ကိုနှိပ်ပါ Text Viewer ရွေးပေးလိုက်ပါ
အဲဒီမှာထောင့်က ရှာဖွေရေးဖြစ်တဲ့ မှန်ဘီလူးပုံလေးကိုနှိပ်ပြီး Slide to Unlock လို့ရေးလိုက်ပါ
အဲဒီမှာ "AWAY_LOCK_LABEL' = "Slide to unlock"; ဆိုပြီး စာနေရာကိုရောက်သွားပါလိမ့်မယ် ။
အပေါ်ထောင့်က Edit ကိုနှိပ်ပြီး Slide to unlock ဆိုတဲ့ စာနေရာမှာ ကိုယ်ကြိုက်ရာရေးလိုက်ပါ ။
ကိုယ်ကြိုက်ရာ ရေးတဲ့အခါမှာ မြန်မာကီးဘုတ်မပေါ်ပါဘူး မဝင်ခင်ထဲက
အပြင်တစ်နေရာရာမှာ ရေးပြီး လက်ထဲ Copy နဲ့ ကူးယူလာပြီး အဲဒီမှာ Paste
နဲ့ချပေးလိုက်ပါ ။
ပြီးပြီဆိုရင် Save ပြီးပြန်ထွက်လိုက်ပါ ။ ဖုန်းကိုပါဝါပိတ်ပြီး ပြန်ဖွင့်ကြည့်လိုက်ပါ ပြောင်းသွားပါပြီ ။
အားလုံးပဲ အဆင်ပြေကြပါစေ... :-)
Post By : Djjoe Man (MMF)
Home
»
ios နှင့်ဆိုင်သော
» Apple ရဲ့ ဖုန်းလော့ slide to unlock ဆိုတဲ့စာတန်းလေးကို ကြိုက်နှစ်သက်ရာရေးနည်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment