Latest

00:39 AM IOS 7.1 DOWNLOAD

 Android Developer များအတွက် သတင်းကောင်း
App Translation Service ကို စတင်သုံးနိုင်ပြီဖြစ်ကြောင်း Google ကြေညာ
=======================================
May Thazin

Google I/O 2013 conference မှာ Preview စတင်မိတ်ဆက်ခဲ့တဲ့ Android Developer တွေအတွက် အထောက်အပံ့ပေးနိုင်မယ့် App Translation Service ကို အမှန်တကယ်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း Google က ကြေညာ ခဲ့ပါတယ်။ 

Developer တွေအနေနဲ့ ဘာသာပြန်မယ့် APK ဖိုင်ကို ရရှိထားဖို့လိုပြီး ဘာသာပြန်လိုတဲ့ အကြောင်းအရာတွေကို Upload ရပါမယ်။ အဓိကထားမယ့် ဘာသာစကား တစ်ခုကိုရွေးချယ်ပြီး မိမိတတ်နိုင်တဲ့ငွေကြေးနဲ့ ထုတ်ယူလိုတဲ့ ဖိုင်အရွယ်အစားကို ရွေးချယ်ပေးရပါတယ်။ သင်တင်လိုက်တဲ့ APK ဖိုင်ကို ဘာသာပြန်ပြီးပြီဆိုရင်တော့ ADT Translation Manager Plugin ကိုအသုံးပြုပြီး ဘာသာပြန်ထားတဲ့ App ကိုအလွယ်တကူ ထုတ်ယူနိုင်ပါပြီ။ 

APK ရဲ့အောက်ခြေနားက Developer Console မှာ App Translation Service ကို ရှာဖွေနိုင်ပါတယ်။ လက်ရှိမှာလည်း ဘာသာပြန်ထားတဲ့ App တွေကို Google Play မှာတင်ပေးထားတယ်လို့ ဆိုပါတယ်။

12 Nov 2013

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

Top