Audi SQ5 SUV ကို ဒီဇယ်အင်ဂျင် ဗားရှင်း ထုတ်လုပ် လိုက်ပါပြီ။ အင်ဂျင်အရွယ် ၃လီတာ ဆလင်ဒါ ၆ လုံးပူး အင်ဂျင်ကို အသုံးပြု ထား ပါတယ်။

US ရဲ့Emission regulation နဲ့အညီ ထုတ်လုပ်ထားတာ ဖြစ်တဲ့အတွက် ဆီစား သက်သာမှု အပြင်၊ အိတ်ဇောငွေ့အထွက်နည်းနဲ့အင်ဂျင်ကို တွေ့မြင်ရမှာပါ။ TDI အင်ဂျင်ကို အင်ဂျင်ကို အသုံးပြုထားပြီး မြင်းကောင်ရေအား ထုတ်လုပ်နိုင်မှုက ၃၅၄ hp ရှိမှာ ဖြစ်ပါတယ်။ ဂီယာ ၈ ချက်ထိုး အော်တိုဂီယာ အမျိုးအစားကို အသုံးပြု ထားပါတယ်။

၂ဝ၁၄ ခုနှစ်မော်ဒယ် SQ5 ထဲမှာ ဓာတ်ဆီ နဲ့ဒီဇယ် နှစ်မျိုး နှစ်စား ထုတ်လုပ်မှာ ဖြစ်ပြီး လက်ရှိ မြင်တွေ့နေရတဲ့ကားကတော့ဒီဇယ် ဖြစ်ပါတယ်။ Top speed ကို တစ်နာရီ မိုင် ၁၄ဝ limit လုပ်ထား ပါတယ်။ Audi SQ5 ကို အမေရိကန်ဒေါ်လာ ရ သောင်းနဲ့နှစ်ကုန်ပိုင်းအတွင်း ဈေးကွက်ဖြန့်ချိမယ်လို့ခန့်မှန်း ထားကြောင်း သိရပါတယ်။

0 comments:

Post a Comment

 
Top