အမေရိကန် GM လက်အောက်က Chevrolet ကုမ္မဏီထုတ် Chevrolet Corvette Stingray ဟာ ဆီစားသက်သာတဲ့ပြိုင်ကားတစ်စီး ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ပျမ်းမျှအားဖြင့် မိုင် ၃ဝ စာ ခရီးကို ဆီတစ်ဂါလံ သာအသုံးပြုရမှာ ဖြစ်ပြီး အခြား ပါဝါကြီး ပြိုင်ကားများနဲ့စာရင် ဆီစား အင်မတန် သက်သာ ခြင်း ဖြစ်ပါတယ်။ အင်ဂျင်အရွယ် ၆.၂ လီတာ ရှိပြီး ဆလင်ဒါ ၈ လုံးပူး ပစ်စတင်ကို အသုံးပြုထား ပါတယ်။ အော်တိုဂီယာ ၈ချက်ထိုး၊ ရ ချက်ထိုး နှစ်မျိုး ထုတ်လုပ် ထားပါတယ်။ မြင်းကောင်ရေအား ထုတ်လုပ်မှု ၄၄၅ ရှိပြီး ရုန်းအားမြင့်တဲ့ကားထဲမှာလည်း ပါဝင်ပါတယ်။ အမှန်တော့မြင်းကောင်ရေအား ၆ဝဝ ကျော်ရုန်းနိုင်အောင် ဖန်တီးနိုင်ပေမယ့် ဆီစားသက်သာမှုကိုလည်း ဦးစား ပေးတဲ့အတွက် ၄၄၅ အထိပဲ Limit ထားခြင်း ဖြစ်ပါတယ်။

တံခါး ၂ ပေါက် ပြိုင်ကားပါ။ ၂ဝ၁၄ မော်ဒယ် Corvette Stingray ကို မကြာမီ ဈေးကွက် ဖြန့်ချိတော့မှာ ဖြစ်ကြောင်း သိရပါတယ်။


...
Ref: autoblog
Colay.Automobile

0 comments:

Post a Comment

 
Top