Winnebago ဆိုတာ အမေရိကန်အခြေဆိုက် အိမ်ကား ထုတ်လုပ်တဲ့ကုမ္မဏီတစ်ခု ဖြစ်ပါတယ်။ အိမ်ကားရယ်လို့မဟုတ်ပဲ ခရီးသွား အပန်းဖြေကားများလည်း ထုတ်လုပ်ပါတယ်။

ယခု ပုံမှာ မြင်တွေ့နေရတာကတော့၎င်းတို့ရဲ့အပန်းဖြေခရီးသွား ကားသစ် Winnebago Travato ဖြစ်ပါတယ်။ အင်ဂျင်အရွယ် ၃.၆ လီတာ ရှိတဲ့ဆလင်ဒါ ၈ လုံးပူး V အမျိုးအစား ကို အသုံးပြု ထားပါတယ်။ မြင်းကောင်ရေ အား ထုတ်လုပ်နိုင်မှုက ၂၈ဝ ဝန်းကျင် ပါ။ Chrysler ကုမ္မဏီက ထုတ်တဲ့အင်ဂျင်ကို အသုံးပြု ထားခြင်းလို့ဆိုပါတယ်။ ဂီယာ ၆ ချက်ထိုး အော်တို အမျိုးအစားနဲ့မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အတွင်းမှာ မီးဖိုချောင်၊ အိပ်ခန်း၊ ဧည့်ခန်း ပါဝင်ပြီး စက်ဘီး၊ဆိုင်ကယ် ထည့်ထားမယ့် နေရာတောင် ပါဝင်ပါသေးတယ်။ ကားက သိပ်အကြီးစားမဟုတ်ပေမယ့် သူ့နေရာနဲ့သူ ကျစ်ကျစ်လစ်လစ် ဖြစ်အောင် တည်ဆောက် ဖန်တီးထားခြင်း ဖြစ်ပါတယ်။

စုစုပေါင်း ၂၄ ပေ သာ ရှည်တဲ့ရှည်တဲ့ပါ။ အဆင့်မြင့် နည်းပညာများ ပါဝင်လာမှုက သူ့ထူးခြားချက် ဖြစ်ပြီး Luxury type ဖြစ်အောင် စီမံ ဖန်တီးထားပေးခြင်း ဖြစ်ပါတယ်။ allpar.com က ဖော်ပြတဲ့ကား ဖြစ်ပြီး မကြာမီ ဖြန့်ချိမှာ ဖြစ်ကြောင်း သိရပါတယ်။

...
Ref: autoblog
Aung Kham (Colay.Automobile)

0 comments:

Post a Comment

 
Top