Miss Universe ပြိုင်ပွဲမှာ Best Bikini Bodyအနေနဲ့ ဖိလစ်ပိုင်အလှမယ်၊ မြန်မာအလှမယ် နဲ့ အမေရိကန်အလှမယ် တို့ ရွေးချယ်ခံရပြီး သုံးယောက်ထဲကမှBest Bikini Body ကို မိုးစက်ဝိုင်က ရွေးချယ်ခံရပါတယ်

 Miss Universe 2013 ပြိုင်ပွဲကြီး မစ တင်မီ မြန်မာနိုင်ငံကိုယ်စားပြု အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် Miss Universe Myanmar မိုး စက်ဝိုင်သည် လူကြိုက်အများဆုံး ဖြင့် အင်တာနက်တွင် မဲအ များဆုံး ရရှိထားကြောင်း သိရသည်။ မိုးစက်ဝိုင်သည် အင်တာ နက်မဲပေးမှုစနစ်တွင် အောက်တို ဘာ၂၄ရက် ညနေ ၅နာရီ ၄၅မိနစ် တိတိတွင် မဲပေးမှု ၁၈၉၄၇၈ အ များဆုံးဖြင့် ရပ်တည်နေခဲ့သည်။

မိုးစက်ဝိုင်က ''ကျွန်မကို ဒီ လိုမျိုးမဲတွေပေးတဲ့အတွက် တအား ကို ပျော်ရွှင်ရပါတယ်။ ဒါက ကျွန်မ ဘဝသက်တမ်း တစ်လျှောက်လုံး အတွက် အခွင့်အရေးတစ်ခုလို့ ထင်မြင်မိပါတယ်။ ယုံလဲယုံကြည် တယ်။ ကျွန်မကတော့ ကျွန်မ တတ်စွမ်း သမျှ ကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်လို့ လုပ် သွားမှာပါ။ တစ်ချိန်ကျရင် အတိတ် ကိုပြန်ကြည့်တဲ့အခါမှာ အမိနိုင်ငံ အတွက် ကိုယ်ဘာတွေလုပ်ပေး နိုင်ခဲ့သလဲဆိုတာကို ပြန်ခံစားမိ လိမ့်မယ်လို့လဲ ယုံကြည်ပါတယ်''ဟု အင်တာနက်မှ တစ်ဆင့် ဖြေ ကြားခဲ့သည်။

နှစ်ပေါင်း၅ဝအတွင်း ပထမ ဆုံးအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်သောကြောင့် မြန်မာနိုင်ငံ ကိုယ်စားပြု မိုးစက်ဝိုင်အား နိုင်ငံ တကာမှ လူစိတ်ဝင်စားမှု အများ ဆုံးခံရခြင်းဖြစ်ကြောင်း သိရသည်။ မိုးစက်ဝိုင်နှင့်အတူ ဂါနာ (Ghana) နိုင်ငံ ကိုယ်စားပြု Hanniel Jamin မှာလည်း လူစိတ်ဝင် စားမှုအများဆုံး ရရှိထားသည်။ Miss Universe ပြိုင်ပွဲကြီး သည် ကမ္ဘာပေါ်တွင် အကြီးမား ဆုံး Miss ပြိုင်ပွဲကြီးဖြစ်ပြီး ၁၉၅၉ ခုနှစ်၊ ၁၉၆၀၊ ၁၉၆၁ခုနှစ် သုံးနှစ် ဆက်တိုက် မြန်မာနိုင်ငံ ကိုယ်စား ပြု အနေဖြင့် သွားရောက်ယှဉ်ပြိုင်ခဲ့ ကြပြီး ၁၉၆၁ခုနှစ်တွင် မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် ဖလော်ရီ ဒါပြည်နယ်သို့ သွားရောက်ယှဉ် ပြိုင်ခဲ့သည့် ဒေါ်ခင်မြင့်မြင့်သည် အသားရေလှပမှုနှင့် ကိုယ်ခန္ဓာ အချိုးကျလှပမှုဆုကို ရယူနိုင်ခဲ့ ကြောင်း သိရသည်။ မယ်စကြဝဠာပြိုင်ပွဲကြီးကို ရုရှားနိုင်ငံ မော်စကိုမြို့၌ နိုဝင် ဘာ၉ရက်မှစတင်၍ ကျင်းပမည် ဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြု မိုး စက်ဝိုင်အား မဲပေးလိုပါက missosology.org ဝက်ဘ်ဆိုက်သို့ ဝင်ရောက် မဲပေးနိုင်သည်။

News Link=>http://goo.gl/flcFQt

0 comments:

Post a Comment

 
Top