နယူးယောက်မြို့ လမ်းများပေါ်တွင် စိန်ရှာသည့် အလုပ်ဖြင့် တစ်ရက်ကို ဒေါ်လာ ၁၁၀ မက ရရှိ
Saturday, October 12, 2013

ပုံမှာ မြင်တွေ့ရတဲ့ သူဟာ Stepanian အမည်ရ အမျိုးသား တစ်ဦး ဖြစ်ပြီး သူ့အလုပ်ကတော့ နယူးယောက်မြို့  လမ်းမပေါ်က စိန်ရှာသမား ဖြစ်ပါတယ်။

သူ့ကိုမြင်တော့ မြန်မာပြည်မှာက ပလပ်စတစ်အိပ်ကောက်တဲ့ ကလေးတွေ ကို သွားသတိရပါတယ်။ သို့ပေမယ့် Stepanian ကတော့ အများကြီး သာပါတယ်။ သူ့ဝင်ငွေက တစ်ပတ်ကို ဒေါ်လာ ၈၂၀ ရှိတယ် ဆိုတော့ တစ်ရက်ပျှမ်းမျှဝင်ငွေက ဒေါ်လာ ၁၁၀ မကပါဘူး။ အလုပ်က နည်းနည်းတော့ ပင်ပန်းပါတယ်။

နယူးယောက်မြို့ ကြီး လမ်းမပေါ်က ရေအိုင်မှာပါမကျန် ကြားတွေကြားတွေ ထဲအထိတောင် လိုက်လံ ရှာဖွေ ရတာ ဖြစ်ပါတယ်။ စိန်၊ရွှေတင်မက အခြားသော အဖိုးတန် ရတနာများကို တွေ့ရှိပါတယ်။ တကယ် တွေ့ပါတယ်။ အမေရိကန်ပြည်ထောင်စုက နယူးယောက်မြို့ ကြီးက လူတွေဟာ အလုပ်တွေ ရှုပ်ပြီး လမ်းမကြီးကို ငုံ့ကြည့်ဖို့တောင် အချိန်မရကြပါဘူး။ ဒါကြောင့် Stepanian လို့ပဲ စိန်ရှာတဲ့သူ အနည်းစုအတွက် အလုပ်ဖြစ် ပါတယ်။ ပျောက်တာတွေရော၊ ပဲ့ကျထားတာတွေရော အဖိုးတန် ရတနာ အားလုံးကို သူတို့ ပိုင်သွားပါတယ်။ နှစ်ပေါင်း ၆၀ မကတဲ့ အချိန်တွေ ကတည်းက တည်ရိနေတဲ့ စိန်ခဲ၊ ရွှေခဲတွေကိုတောင် တွေ့ရ တတ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် တစ်ပတ်တစ်ပတ် ရှာဖွေထားတာတွေကို ပြန်ရောင်းရင် အနည်း ဆုံး ဒေါ်လာ ၈၂၀ လောက်တော့ ဝင်ငွေရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နယူးယောက်မြို့ က စိန်ရှာတဲ့အလုပ်ဟာလည်း ဝင်ငွေ မစိုးတဲ့ အလုပ်မို့ စိတ်ဝင်စားသူ များပြားကြောင်း သိရပါတယ်။

Ref: nypost
Aung Kham ( International news for myanmar )
 
0 comments:

Post a Comment

Top