တစ်ချို့ဆိုက်တွေက တရုတ်ဆိုက်မို့ နားမလည်ကြတာတို့ ထိုဆိုက်မှာအကောင့်လုပ်ဖို့ တစ်ခုခုရှာဖို့အတွက် အခက်တွေ့နေကြတဲ့သူတွေ တော်တော်များများရှိကြပါတယ် ။

အမှန်တော့ ကိုယ်ပြောင်းချင်တဲ့ ဘာသာစကားနဲ့ဆိုက်တစ်ခုကို Google ရဲ့ Translate ကို အသုံးပြုကာ လွယ်လွယ်နဲ့ပြောင်းသုံးလို့ရပါတယ် ။ မသိသေးသူများအတွက် ပို့စ်တစ်ခုရေးလိုက်ပါတယ် ။

ပုံတွင်ပြထားသည့် ပြောင်းချင်တဲ့ တရုတ်ဆိုက်လင့်ဖြစ်ဖြစ် တစ်ခုအား Copy ယူလိုက်ပါ ။
စမ်းချင်သူများ ကျနော့်ရဲ့ နမူနှာတရုတ်လင့်အား ယူနိုင်ပါတယ် http://android.9game.cn/game/detail_79446.html



ပြီးရင် Google ရဲ့ Translate ဆိုက်သို့ ဝင်လိုက်ပါ http://translate.google.com/

ပုံတွင်ပြထားသည့် 1 ဆိုပြီး ဝိုင်းပြထားတဲ့ To.xxxx နေရာတွင် သင်ပြောင်းဖတ်လိုသော ဘာသာအားရွေးချယ်ပါ ။ ကျနော်ကတော့ English လို့ပြောင်းလိုက်ပါတယ် ။

2 ဆိုပြီး မြှားပြထားတဲ့နေရာကွက်တွင် သင်Copy ယူထားသောလင့်အား ထည့်ပေးလိုက်ပါ ။

3 ဆိုပြီး မြှားပြထားတဲ့ နေရာကွက်တွင် သင်ပြောင်းဖတ်လိုသော သာဘာဖြင့် ပြောင်းပြီးသားဆိုက်လင့်အား ပေါ်လာပါမယ် ။ နှိပ်၍ အသုံးပြူနိုင်ပါတယ် ။



ကျနော်ပြောင်းပြထားသော တရုတ်ဆိုက်သည် အောက်ပုံကဲ့သို့  English ဘာသာဖြင့် ဆိုက်တစ်ခုဖြစ်သွားပါပြီ :)


အားလုံးပဲ အဆင်ပြေကြပါစေ.... :)

Post By : Djjoe Man (MMF)

0 comments:

Post a Comment

 
Top