Photo: တရုတ်နိုင်ငံတွင် ကမ္ဘာ့ ပထမဆုံး ဒီဇယ် တစ်လီတာ ကီလိုမီတာ ၁ဝဝ မောင်းနိုင်သော မော်တော်ကား ပွဲဦးထွက် ခင်းကျင်း ပြသ

ပေကျင်း     အောက်တိုဘာ     ၂၅

မော်တော်ကား ထုတ်လုပ်သည့် ဂျာမနီ ကုမ္ပဏီကြီး တစ်ခုဖြစ်သော Volkswagen  ကုမ္ပဏီသည် ၎င်းကုမ္ပဏီမှ တီထွင် ထုတ်လုပ်ခဲ့သော ကမ္ဘာ့ ပထမဆုံး တစ်လီတာ မော်တော်ကား ကို တရုတ်နိုင်ငံ  ပေကျင်းမြို့တွင် အောက်တိုဘာ ၂၃ ရက်က ပွဲဦးထွက် ခင်းကျင်းပြသခဲ့ကြောင်း ဆင်ဟွာ သတင်းဌာန၏ ထုတ်ဖော် ပြောကြားချက်များ အရ သိရသည်။

Volkswagen XL1 အမည်ရှိ မော်တော်ကားများသည် လျှပ်စစ်ဓာတ်အားနှင့် ဒီဇယ်စွမ်းအင်နှစ်မျိုး အသုံးပြုနိုင်သည့် ကားအမျိုးအစား ဖြစ်ပြီး ကမ္ဘာ တစ်ဝန်းလုံး၌ ရောင်းချနိုင်ရန် ကားအစီးရေ ၂၅ဝ သာ ကန့်သတ် ထုတ်လုပ်ထား ကြောင်း သိရသည်။

ယင်းကားကို ဒီဇယ် တစ်လီတာဖြင့် ခရီးအကွာအဝေး ၁ဝဝ ကီလိုမီတာ အထိ မောင်းနှင်နိုင်ရန် ထုတ်လုပ်ထားခြင်း ဖြစ်သည်။ အဆိုပါ ကားပြပွဲသို့ ဓာတ်ပုံ သတင်းထောက်များနှင့် ဧည့်သည် အများအပြား လာရောက် ကြည့်ရှုကြသည်ဟု သိရသည်။
မြ၀တီ

0 comments:

Post a Comment

Top